Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Jack Ma
reframing ကိုဘယ်လိုသုံးသွားသလည်း?

Alibaba ကို Amazon နဲ့ပြိုင်ကြတယ်။ share စျေးမှာလွမ်းမိုးမှုရှိနေတယ်။ ဒီတော့ Jack က Alibaba ကို Company တစ်ခုအနေနဲ့မြင်ဖို့ထက် Economy နဲ့ နှိုင်းယှဉ်သွားတယ်။ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ EU ပြီးရင် ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးဖြစ်သွားမယ်လို့ပြောသွားတယ်။

World Trade Organization နဲ့ နှိုင်းယှဉ်တယ်။ ကောင်းတာက Power ကို SME တွေကိုပေးထားတယ်ဆိုပြီး eWTP (Electronic World Trade Platform လို့သုံးတယ်။)

Short-term ကိုကြည့်မည့်အစား နှစ်ပေါင်း 120 သွားမှာဖြစ်တဲ့အတွက် Alibaba ဖြတ်သန်းခဲ့တဲ့ 16 နှစ်ဟာ ကံကောင်းတယ်ဆိုတာထက် သွားမည့်ခရီးနဲ့ယှဉ်ရင် baby လေး၊ infancy stage ဘဲ ရှိသေးတဲ့အကြောင်းပြောတယ်။

(ကိုယ့် product ကိုစျေးကြီးတယ်လို့ ပြောတဲ့ customer ကို quality နဲ့ reframe လုပ်တာမျိုး။)

မြန်မာပြည်ရဲ့ Economics Development model ဟာ Artifical Intelligence နဲ့ Automation ကြောင့်ပျက်သွားတယ်ဆို မကြာခင်လာမည့် မလေးရှားမှာ ပထမဆုံး စမ်းသပ်နေတဲ့ eWTP အတွက် မြန်မာ SME တွေပြင်ဆင်သင့်တယ်။ တစ်ကမ္ဘာလုံးဘယ်မှာရှိရှိ ၇၂ နာရီအတွင်း Aliexpress ကပို့ပေးမယ်လို့ပြောထားတယ်။

လေဆင်နှမောင်းလာတဲ့ဘက် ဝက်ရပ်နေရင် ဝက်တောင်ပျံနိုင်တယ်။ တရုတ်လိုတော့ 站在风口连猪都会飞。

Phyo Paing @ Derek

Share Your Idea!​