Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Money Mindset

သင့်ဘဝမှာ ချမ်းသာကြွယ်ဝဖို့ money abundance ဖြစ်ဖို့ဆိုရင် ပိုက်ဆံဆိုတဲ့အရာနဲ့ ကောင်းမွန်တဲ့ ဆက်စပ်မှု relationship တစ်ခုကို တည်ဆောက်ပြီး သင်ရဲ့ money mindset ကို ပြောင်းလဲလိုက်ပါ။

1. Forgive your past

ဒီနေ့ ကျွန်တော်တို့အားလုံးရဲ့ ပိုက်ဆံနဲ့ပတ်သတ်ပြီး ယုံကြည်မှုပုံစံတွေ သဘောထားတွေပေါ်မှာ ကျွန်တော်တို့ရဲ့ အတိတ်က ငယ်စဉ်ဘဝက အတွေ့အကြုံတွေ ခံစားချက်တွေက လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင်ငယ်ငယ်က သင့်အဖေနဲ့အမေ ပိုက်ဆံအလုံအလောက် မရှိတာနဲ့ပတ်သတ်ပြီး ရန်ဖြစ်ခဲ့တာကို သင်ကြုံတွေ့ခဲ့ရတယ်ဆိုရင် သင့်စိတ်ထဲမှာ ပိုက်ဆံနဲ့ပတ်သတ်ပြီး တစ်ခုခုကို ခံစားစွဲလမ်းနေမိမှာပါ။ ဥပမာ ဒီပိုက်ဆံဆိုတဲ့အရာကြောင့် ငါ့မိဘတွေ ရန်ဖြစ်ရတယ်ဆိုတာမျိုး။ ဒါက သင့်ရဲ့ subconscious mindထဲမှာ ရှိနေပြီး သင့်ဘဝတစ်လျောက်လုံးမှာ ပါလာပါလိမ့်မယ်။ တကယ်တော့ အဲ့ဒါတွေက ကျွန်တော်တို့အတွက်လဲ ဘာမှ ကောင်းကျိုး မပေးနိုင်ပါဘူး။ အဲ့ဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ ခွင့်လွှတ်လိုက်ခြင်းပါပဲ။
ခွင့်လွှတ်လိုက်ခြင်းဟာ အဲ့တာတွေကို ကျွန်တော်တို့ရဲ့ စွမ်းအင်တွေနဲ့ နှလုံးသားတွေကနေ ဖယ်ထုတ်လိုက်ခြင်းပါ။
စာရွက်တစ်ရွက်ကို ယူလိုက်ပြီး သင့်ဘဝမှာ ရှိနေတဲ့ ပိုက်ဆံနဲ့ပတ်သတ်တဲ့ နာကျင်စရာ memory တွေကို ချရေးလိုက်ပါ။ ဒီ memory တွေထဲမှာ သင့်ရဲ့မိဘ ချစ်သူ အပေါင်းအသင်းတွေ သင့်အလုပ်ရှင် အားလုံးနဲ့ပတ်သတ်တဲ့ အဖြစ်အပျက်တွေ ပါဝင်နေနိုင်ပါတယ်။ သင့်ကို စိတ်မကောင်းစရာတွေ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေဖြစ်စေတဲ့ moneymemory တစ်ခုချင်းစီကို လက်လွှတ်ဖို့ကြိုးစားပါ။ သင်ရေးထားတဲ့ money memory စာရင်းကို ကြည့်ပြီး ခွင့်လွှတ်နိုင်ဖို့ နေ့စဉ် ကြိုးစားလေ့ကျင့်လိုက်ပါ။

2. Change your story

ကဗျာဆရာ ရူမီက ပြောခဲ့ပါတယ်။ ဒီကမ္ဘာကြီးက တောင်ကြီးလိုပါပဲ။ သင့်ရဲ့ ပဲ့တင်သံတွေက သင့်အပေါ်မှာပဲ မူတည်နေပါတယ်။ သင်က ကောင်းတဲ့အရာတွေ အော်လိုက်ရင် ကမ္ဘာကြီးက ကောင်းတာတွေ ပေးပါလိမ့်မယ်။ ဆိုးရွားပြီး မကောင်းတဲ့အရာတွေ အော်နေရင်တော့ မကောင်းတာတွေပဲ ပြန်ပေးပါလိမ့်မယ် တဲ့။
Your inner world (thoughts, beliefs and feelings) creates your outer reality.
သင်ဟာ အမြဲတမ်း ပိုက်ဆံမရှိဘူးပဲ အော်နေသလား။ ငါ့အတွက် ပိုက်ဆံရှာရတာ အရမ်းခက်ခဲတယ်။ ပိုက်ဆံရဖို့မလွယ်ဘူး။ ပိုက်ဆံချမ်းသာချင်တာက လောဘကြီးပြီး မကောင်းတဲ့အရာလို့ ထင်နေသလား။ ပြောနေသလား။ ငါဘယ်တော့မှ ပိုက်ဆံလုံလုံလောက်လောက်မရှိဘူးလို့ အမြဲပြောနေသလား။
ဒါဆိုရင် သင့်ရဲ့ money story ကို ပြောင်းလိုက်ပါ။ စပြီးတော့ သင့်ရဲ့အတွေးတွေ ပြောင်းလဲလိုက်ပါ။ ငါသုံးဖို့ ပိုက်ဆံအလုံအလောက်ရှိတယ်။ ငါက ပိုက်ဆံရှာနိုင်တယ်။ စသည်ဖြင့်
သင်ပြောနေတဲ့စကားတွေကို ပြောင်းလဲလိုက်ပါတော့။

3. Open your mind to infinite possibilities.

manifesting လုပ်တဲ့အခါ သင်ရဲ့ logical mindက အဆိုးဆုံးရန်သူပါပဲ။ သူက ကန့်သတ်ထားတဲ့ capacity ထက် ကျော်လွန်ပြီး မတွေးနိုင်ပါဘူး။ ဥပမာအားဖြင့် သင့်ရဲ့ logical mind က ပြောပါလိမ့်မယ်။ ငါက ဒီလက်ရှိအလုပ်ကတောင်မှ ပိုက်ဆံပိုမရှာနိုင်ရင် ငါ့မှာ ဒီထက်ပိုတဲ့ပိုက်ဆံရဖို့ မဖြစ်နိုင်ပါဘူး ဆိုတာမျိုးတွေပါ။
အကယ်၍ သင်ဟာ ပိုက်ဆံကို သင်လုပ်နေတဲ့ ဒီအလုပ်ကနေပဲ ရနိုင်တယ်လို့ပဲတွေးနေရင်တော့ abundance ဖြစ်ဖို့ အခြားနည်းလမ်းတွေကို ပိတ်ပင်လိုက်တာပါပဲ။
ပိုက်ဆံဆိုတာကတော့ နည်းအမျိုးမျိုးနဲ့ သင့်ဆီကို ရောက်လာတတ်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ luxury trip တစ်ခု free သွားခွင့်ရတာတွေ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်တစ်ခု မထင်မှတ်ဘဲ ရရှိတာတွေ ပါ။

4. Practice gratitude

ကမ္ဘာကြီးက သင့်ရဲ့ ရောင်ပြန်တစ်ခုပါ။ သင့်ဘဝကို ကြည့်ပြီး သင်ဟာ ဘာမှမရှိသလို ဘာမှမပိုင်ဆိုင်သလို ခံစားနေရင် ကမ္ဘာကြီးက ဒီmessage ကိုရပြီး သင့်ကို နောက်ထပ်ပိုတဲ့ ဘာမှမရှိတဲ့ ခံစားမှုတွေ ပိုပေးပါလိမ့်မယ်။
ကျွန်တော်တို့ တော်တော်များများဟာ “Onlyness” ဆိုတဲ့ အခြေအနေကို ခံစားတတ်ကြပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ bank balance ကိုကြည့်ပြီး ဟာ ငါ့မှာ 10000 ပဲ ကျန်တော့တယ်။ I ONLY have 10000 kyats in my bank account. ကျွန်တော်တို့ အဝတ်ဗီရိုကိုကြည့်ပြီး ဟာ ငါ့မှာ အဝတ်အစားတွေ ဒီလောက်လေးပဲရှိတယ်။ I ONLY have these clothes to choose from. ကျွန်တော်တို့ဟာ အဲ့လိုပဲ တွေးတတ်ကြပါတယ်။
အဲ့ဒီအစား ကျွန်တော်တို့ ပြောင်းပြီးတွေးကြည့် ခံစားကြည့်ရပါမယ်။ ငါ့ bank account ထဲမှာ 10000 ကြီးတောင် ကျန်သေးတာပဲ။ ငါ့မှာ အဝတ်အစားတွေ ဒီလောက်တောင် ရှိနေသေးတာပဲ။ သင်ဒါတွေကို ရနိုင်သေးတာကိုပဲ ကျေးဇူးတင်လိုက်ပါ။

5. Take small steps to cultivate the feeling of abundance.

abundanceကို မွေးမြူဖို့ ခြေလှမ်းသေးလေးတွေက စတင်ပါ။ abundance ဆိုတာဟာ သင့်ရဲ့ bank statement က number တွေကို ပြောတာမဟုတ်သလို ဘယ်လို ကောင်းမွန်တဲ့ ပိတ်ရက်ခရီးကို သွားနိုင်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ တကယ်တော့ Abundance ဆိုတာ feeling တစ်ခုပါ။ဒါကြောင့် သင့်အတွက် abundance ဆိုတာဘာလဲဆိုတဲ့ ကိုယ်ပိုင် meaning ကို စဉ်းစားကြည့်ပါ။ အဲ့တာဟာ financial freedom လား။ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်ဖို့လား။
သင့်အတွက် abundance ဆိုတာ ဘာလဲဆိုတဲ့ ကိုယ်ပိုင် meaning သိသွားတဲ့အခါ အဲ့ဒါကို ရဖို့ နေ့စဉ်ဘဝမှာ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ကြိုးစားကြည့်လိုက်ပါ။

Content Contributor
Chit Su Moe Oo
(Y.E.C Learning Center)
www.facebook.com/yeclearningcenter

Share Your Idea!​