Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Limited Liability Company (LLC)

နိုင်ငံတကာမှာတော့
Limited Liability Company (LLC)
S-corporation
C-corporation ဆိုပြီးရှိတယ်။

C-corporation ကတော့ shares
အများပါပြီး double taxation ဖြစ်တယ်။
အမြတ်ရတော့လဲ အခွန်ပေးရသလို
အမြတ်ကိုခွဲဝေတော့လဲ အခွန်ပေးရတယ်။
Share တွေကို လိုသလို ရောင်းဝယ်လို့ရတယ်။

LLC ကတော့ တခါပဲ tax ပေးရုံပဲဖြစ်ပြီး
small business လေးတွေအတွက်ဖြစ်တယ်။
Owner တစ်ယောက်တည်းဆိုတော့
သူကတော့ သီးသန့် tax return မလိုဘူး။

နောက် S-corporation ကတော့
shareholder တွေလစာယူလို့ရတယ်။
ကိုယ့်ဝင်ငွေထဲက tax ဆောင်ပြီး
အမြတ်ငွေထဲက tax ဆောင်ရသလို
လိုအပ်ရင် Bonus အနေနဲ့ပေးပြီး
အခွန်ကို အနည်းဆုံးဖြစ်အောင်လုပ်ကြတယ်။

ဥပမာ $100,000 ဝင်ရင်
LLC က SE rate 15.3% ဆိုပါတော့
$15300 ဆောင်ရပြီး၊
S-Corp က $50000 ကို shareholder လစာယူပြီး
taxable income က $50000 ဖြစ်ပြီး
15.3% ဖြစ်တဲ့ $7650 ပဲဆောင်ရတယ်။

ဒါဆို S-corporation လုပ်တော့မယ်လို့
စဥ်းစားစရာရှိကောင်းရှိမယ်။
ဒါပေမယ့် additional tax return တွေနဲ့
payroll processing တွေရှိနိုင်တဲ့အတွက်
အရာရာကို accountant တွေက
“it depends” လို့ အကြံပေးကြလိမ့်မယ်။

မြန်မာမှာတော့

Private Company Limited by Shares.
Public Company Limited by Shares.
Company Limited by Guarantee.
Unlimited Company.
Business Association.
Public Company Limited by Shares
(under the Special Company Act 1950)
Private Company Limited by Shares
(under the Special Company Act 1950)
Overseas Corporation ဆိုပြီး
13 October 1993 က
စတင်တဲ့ DICA
Directorate of Investment and Company Administration မှာ
registration လုပ်ကြတယ်။

Myanmar Corporate Tax Rate က 25% ဖြစ်ပြီး
Individual income tax က 3 to 50% ရှိတယ်။
နိုင်ငံခြားသားတစ်ယောက်က
ရက်ပေါင်း 183 အထက်နေရင် taxable resident ဖြစ်ပြီ။

ဒါကတော့ မြန်မာရဲ့ personal income tax
0% for taxable income MMK 0 – 2,000,000
5% for taxable income MMK 2,000,001 – 5,000,000
10% for taxable income MMK 5,000,001 – 10,000,000
15% for taxable income MMK 10,000,001 – 20,000,000
20% for taxable income MMK 20,000,001 – 30,000,000
25% for taxable income over MMK 30,000,000

Capital gain tax က သိန်း ၁၀၀ ကျော်ရင် 10%
Myanmar Companies Law 2017 (MCL) အောက်မှာ
Myanmar Investment Law နဲ့
Special Economic Zone Law (SEZL) အောက်က
ကုမ္ပဏီတွေက resident company ဖြစ်ပြီး
ပြည်တွင်း၊ ပြည်ပမှာရတဲ့ အသားတင်အမြတ်ငွေရဲ့
25% ကို အခွန်ဆောင်ရမှာဖြစ်တယ်။

ဒီ အရှုံးအမြတ်တွက်တဲ့အခါလဲ
SME လုပ်ငန်းတွေအနေနဲ့ စဥ်းစားရမည့်အချက်တွေရှိတယ်။
ဥပမာ P/L statement က
Cost of Good Sold ကို ဘယ်လိုတွက်မလဲ။
Tax calculation လုပ်ရင်
နှစ်စက Inventory နဲ့
ထပ်ဖြည့်တဲ့ Inventory ကိုပေါင်း
ကျန်တဲ့ Inventory ကိုနှုတ်
ဒါဆို COGS ရမယ်။

နောက် Full-time employee ခန့်မလား
Contract worker ခန့်မလား။

Accounting ကို Accrual Basis
ဒါမှ မဟုတ် Cash Basis Accounting သွားမှာလား။
Cash basis က ရှင်းတယ်။
ပိုက်ဆံဝင်ရင် ဝင်တယ်။
ထွက်ရင် ထွက်တယ်။
ပိုက်ဆံဝင်တာ sales.

Accrual ကတော့ ငွေမဝင်လေဝင်တယ်။
earned နဲ့ ငွေထွက်တယ် နောက်ပေးရမယ်။
ဒီ incurred ကို ထည့်တွက်တာ။

လုပ်ငန်းလုပ်တဲ့သူအနေနဲ့က
Financial နဲ့ Management accounting လေးကို
တီးမိခေါက်မိတော့ ရှိရမယ်။
Financial accounting ဆိုတာ
မှတ်တမ်းတင်ပေးတာ။
Record လုပ်ပေးတာ။
ဘာတွေကို record လုပ်သလဲဆို
အရှုံးအမြတ်၊ လက်ကျန်စာရင်းရှင်းတမ်း၊
ဝင်ငွေ ထွက်ငွေစာရင်း။
Profit & Loss Statement
Balanced Sheet နဲ့
Income Statement လို့ခေါ်တယ်။

Management Accounting ကတော့
ဒီ records တွေကို ကြည့်ပြီး
Budget သတ်မှတ်တာ၊
စျေးသတ်မှတ်တာ၊
ရင်းနှီးမြုပ်နှံမှု လုပ်သင့်မလုပ်သင့်
Investment appraisal ကိုကြည့်တာ။

ဒီလို လုပ်ဖို့ book-keeping လုပ်
trial balance လုပ်တဲ့အခါ
Debit / Credit ထည့်တာလေးတော့
SME လုပ်ငန်းရှင်အနေနဲ့သိထားရင်
တကယ်တမ်း အခွန်အခတွေနဲ့
ပတ်သက်လို့ action ယူလာတဲ့အခါ
နားလည်ထားတာပေါ့။

Accountant က လုပ်ငန်းနဲ့
လုပ်ငန်းပိုင်ဆိုင်သူကြားက ကြားနေဖြစ်ပြီး
Debit မှာ DEAL ထည့်တယ်။
DEAL ဆိုတာ Drawing, Expenses,
Assets, Losses ဖြစ််ပြီး
Credit မှာ CLIP ထည့်တယ်။
Capital, Liabilities, Income, Profits ဖြစ်တယ်။

The Little Big Small Business Book ဖတ်ရင်း
ပြည်တွင်း SME လုပ်ငန်းတွေနဲ့
ယှဥ်စဥ်းစားမိရင်း ရေးဖြစ်သွားတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​