နေ့တိုင်း စာရေးတယ်။
ဒါကို content marketing လို့ခေါ်တယ်။
ဆယ်စုနှစ်ဝက်တစ်ခုကျော်လောက်
ပုံမှန်လုပ်လာတော့ ကိုယ့်အတွေးနဲ့
တူတဲ့ လူလက်ခံမှု တစ်ခုရလာတယ်။
ကိုယ့်ကို လူသိလာတယ်။
သဘောကျတဲ့သူတစ်ချို့ရှိလာတယ်။
ယုံကြည်တဲ့သူတစ်ချို့ရှိလာတယ်။
ကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ
လွမ်းမိုးမှုတစ်ခု တည်ဆောက်လို့ရလာတယ်။
မားကတ်တင်းဆိုတာ အဲ့လိုပဲ။
ရင်းနှီးမြုပ်နှံမှုတစ်ခု။
relationship တည်ဆောက်ရေးဖြစ်စဉ်။
အခု ရေတွင်းတူအခုရေကြည်သောက်ချင်ရင်
ချက်ချင်း အမြတ်ငွေတော့ရကောင်းရလိမ့်မယ်။
ကျွန်တော်တို့ တည်ဆောက်နေတာ
တစ်လ၊ နှစ်လ ရမည့် အမြတ်မှမဟုတ်တာ။
သေတဲ့အထိ စီးပွါးရေးလုပ်လို့ရမည့်
ယုံကြည်မှု တည်ဆောက်နေတာ။
ယုံကြည်ရင် အရမ်းပြောရောင်းနေစရာမလိုဘူး။
ကိုယ့်ကို ချည်းကပ်လာဝယ်လိမ့်မယ်။
လောက ကြီးကို မြင်တဲ့အမြင်လိုတယ်။
ကျွန်တော့်အတွက် ချက်ချင်းငွေမလိုသေးဘူး။
desperate လဲမဖြစ်ဘူး။
ချက်ချင်းကြီး hype ဖြစ်သွားစရာလဲမလိုဘူး။
ဖြေးဖြေးမှန်မှန်ပေါ့။
ကိုယ်အသက်ရှင်နေသမျှ ငွေရှာရမခက်ဘူးလို့
အကြွင်းမဲ့ယုံကြည်ထားတယ်။
Marketing ဆိုတာ ရေရှည် game တစ်ခုပဲ။
ကျွန်တော်က နွားမ နို့ညစ်နေတာမဟုတ်ဘူး။
Brand and Business တည်ဆောက်နေတာ။
ဆယ်နှစ်၊ နှစ်နှစ်ဆယ် အချိန်ပေးလို့ရတယ်။
ဆေးအောင်တဲ့အချိန်တော့
ကိုယ့်ကို မပြိုင်နိုင်လောက်အောင်
ချန်ထားခဲ့နိုင်အောင် စိတ်ရှည်သည်းခံဖို့လိုတယ်။
Phyo Paing @ Derek