ရောင်းမကောင်းရင် စျေးလျော့တတ်တာ အကျင့်တစ်ခုလိုဖြစ်နေတဲ့အမျိုးတွေအတွက်
လုပ်ငန်းတစ်ခုမှာ သုံးလို့ရတဲ့ Marketing Strategy သုံးမျိုး ကိုဖော်ပြလိုက်တယ်။ Porter’s Generic Theory လို့လဲခေါ်ပါတယ်။
လုပ်ငန်းတစ်ခုမှာ အောင်မြင်ချင်ရင်
၁. စျေးအပေါဆုံးဖြစ်ရင်လည်း အောင်မြင်နိုင်သလို
၂. Differentiation (မတူညီကွဲပြားအောင်လုပ်တာ ဥပမာ one tea နဲ့ designer water လို) သို့
၃. Niche နဲ့လည်းအောင်မြင်နိုင်ပါတယ်။
ဒီမှာ Niche အကြောင်းလေးပြောပြချင်တယ်။ Focus Strategy လို့လည်းခေါ်ပါတယ်။ Industry တစ်ခုတည်း သို့ Target customer တစ်ခုတည်းကို focus လုပ်ထားတာပါ။ ငွေကြေးအင်အား အများကြီးစိုက်စရာမလိုပဲ အမြတ်များပါတယ်။
ဥပမာ Financial Advisor ဆို
Industrial-specific ဖြစ်တဲ့ doctors, lawyers, electronic retail အစရှိသည့် industry တစ်ခုချင်းကို အသေးစိတ် focus လုပ်သွားနိုင်ပါတယ်။
Web designer ဆိုလည်း restaurants, retails အစရှိသည်ကို focus လုပ်သွားသလိုမျိုးသွားလို့ရပါတယ်။
Phyo Paing @ Derek