Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Speed-reading လေ့ကျင့်ပါ။

တစ်ရက်တစ်နာရီအတွင်း
စာတစ်အုပ်ဖတ်ဖို့ Speed-reading ကို
2006 Jan ကတည်းက လေ့ကျင့်လာခဲ့တယ်။

သာမာန်လူက စာတစ်လုံးချင်းစီဖတ်တယ်။
နည်းနည်းမြန်လာရင် phrase by phrase ဖတ်တယ်။
ဒီထက်မြန်လာရင် တစ်ပိုဒ်ချင်းစီဖတ်တယ်။
ဒီထက်ပိုမြန်လာရင် တစ်ရွက်ချင်းစီဖတ်တတ်လာတယ်။

ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်တဲ့
Elon Musk တို့ Bill Gates တို့၊
Speed-reading ကို ကျင့်သုံးခဲ့ကြတာ။

Speed-reading ကျွမ်းကျင်ဖို့
အချိန်တစ်ခုလိုတယ်။​
2006 မှာစခဲ့တာ 2012 လောက်မှ
ဆေးအောင်တယ်။

ဒီ Speed-reading ဟာ
knowledge တွေအများကြီးကို
အချိန်တိုအတွင်း စုပ်ယူနိုင်အောင်
ကူညီပေးခဲ့သလို
ငယ်ငယ်က လေ့ကျင့်ခဲ့တဲ့
memory training ဟာ
လေ့လာမှုကို မြန်နှုန်းမြင့်စေခဲ့တယ်။

တစ်ရက်စာတစ်အုပ်ဖတ်ပြီး
Video တစ်ခုလုပ်လာတာ
မကြာခင်လာမည့် မွေးနေ့မှာ
ရက် ၁၀၀၊ အုပ် ၁၀၀ ပြည့်ပြီ။

ဆေးကျောင်းတက်နေစဥ်က
ကျောင်းပြီးလို့ တခြားပညာရပ်များ
ထပ်လေ့လာခဲ့ရရင်
အချိန်တွေကို ဘယ်လိုချုံ့ရမလဲ
မေးရင်း Accelerated Learning ကို
အားထည့်လေ့လာခဲ့မိတယ်။

ဒါနဲ့ပတ်သက်တဲ့ learning technologies
တွေကို အနာဂတ်လူငယ်တွေအတွက်
ဖန်တီးပေးသွားဖို့ ဆုံးဖြတ်ထားတယ်။

Phyo Paing @ Derek

Share Your Idea!​