ပြဿနာတစ်ခုဖြစ်လာရင်
အထင်အမြင်နဲ့အလွယ်တကူ
ဆုံးဖြတ်ချက်ချလိုက်ကြတယ်။
Perception-based decision-making လို့ခေါ်တယ်။
ဒီနေ့လိုခေတ်မှာ internet မှာတွေ့လိုက်တဲ့ပုံ
Media ကဖော်ပြချက်တွေပေါ်မူတည်ပြီး
ခံစားချက်တွေဖြစ်ပေါ်လာပြီး
အထင်အမြင်ပေါ်မူတည်
ဆုံးဖြတ်ချက်ချကြတယ်။
နောက်တစ်နည်းကတော့ အချက်အလက်ပေါ်
မူတည်ပြီး ဆုံးဖြတ်ချက်ချကြတယ်။
Cause & Effect Model လို့ခေါ်တယ်။
ဒါကြောင့် ဒါဖြစ်တယ်ဆိုတဲ့ model ပေါ့။
ဥပမာ အလုပ်မကြိုးစားလို့ ဆင်းရဲတယ်။
ဒီ model ရဲ့ flaw က
တရားသေမမှန်တာပဲဖြစ်တယ်။
အလုပ်မကြိုးစားလို့ ဆင်းရဲတာဖြစ်နိုင်ပေမယ့်
အလုပ်ကြိုးစားပြီးလဲ ဆင်းရဲနေတာဖြစ်နိုင်တယ်။
သူ့ကိုလွမ်းမိုးနေတဲ့ Cultural, Geopolitical factors
တွေအများကြီးရှိနေနိုင်သေးတယ်။
နောက်စဥ်းစားနည်းတစ်ခုကတော့
Systems Thinking လို့ခေါ်ပါတယ်။
ဒါကိုတော့ ဆေးပညာလေ့လာတဲ့အခါ
မသိမသာ သတိထားလေ့လာမိခဲ့တယ်။
ကျန်းမာရေးမကောင်းရင်
ရောဂါလက္ခဏာပြတယ်။
ပြတဲ့ ရောဂါလက္ခဏာရဲ့ အရင်းအမြစ်ကိုသိဖို့
ခန္ဓာကိုယ်မှာရှိတဲ့ System တွေကို
လိုက်စစ်ကြည့် စမ်းသပ်ရတယ်။
အဲ့ကမှ အဖြေပေါ်လာတယ်။
Systems Thinking နဲ့ Root-cause Analysis
ကိုလုပ်တယ်။
အလားတူပဲ ကျွန်တော်တို့ဘဝဆိုတာ
System တွေစုစည်းထားတာဖြစ်တယ်။
ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊
အချစ်ရေး၊ မိသားစုအရေး၊ စီးပွားရေး၊
စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အစရှိတဲ့
စနစ်တွေ ပါဝင်တယ်။
စနစ်တစ်ခုမှာ ချို့တဲ့ရင် တခြားစနစ်တွေပေါ်မှာပါ
သက်ရောက်မှုရှိနိုင်တယ်။
ဥပမာ အချစ်ရေးနဲ့ မိသားစုအရေးလိုမျိုးကျ
ကိုယ်တစ်ယောက်တည်း
တည်ဆောက်လို့ရတာမဟုတ်တဲ့အတွက်
တခြားသူတွေကိုပါ ကိုယ်စဥ်းစားတဲ့ပုံစံ
သူတို့ စဥ်းစားတဲ့ပုံစံ ငြိယူရတဲ့အချိန်တွေရှိမယ်။
စိတ်ရှည်ရှည်နဲ့ သင်ပေးရတဲ့အချိန်တွေရှိမယ်။
ငြိလို့ရရင် Bluetooth ချိတ်ပြီး
အတွေးအခေါ်တွေကို ဖလှယ်လို့ရတယ်။
ငြိမရရင်တော့ စည်းခြားတဲ့အပိုင်းဖြစ်လာတယ်။
boundaries သတ်မှတ်တဲ့အပိုင်းဆိုပါတော့။
Emotionally, Financially နဲ့ Expectation
မျှော်လင့်ချက်တွေကို limit လုပ်တဲ့အပိုင်းဖြစ်တယ်။
နောက်ဆုံးအဆင့်ကတော့ လျစ်လျူရှုရတဲ့အပိုင်း
ဖြစ်လာတတ်တယ်။
နေ့စဉ်ဘဝအတွက် Systems Thinking က
များစွာအထောက်အကူပြုတယ်။
Phyo Paing @ Derek