လူတစ်ယောက်အကြောင်း စဥ်းစားနေတုန်း
သူ့ဆီက ဖုန်းလာတယ်။
စာအုပ်တစ်အုပ်အကြောင်း တွေးနေတုန်း
တစ်နေရာမှာ အဲ့စာအုပ် တွေ့တယ်။
“တိုက်ဆိုင်တာပါ” လို့ ပြောကြတယ်။
Carl Jung က မတူဘူး။
Synchronicity လို့ ခေါ်တယ်။
Synchronicity ဆိုတာ
အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုင်မှု။
Cause and Effect မဟုတ်ဘူး။
သူ စဥ်းစားလို့ ဖုန်းလာတာ မဟုတ်ဘူး။
ဒါပေမယ့် ဆက်စပ်နေတယ်။
အဓိပ္ပာယ် ရှိတယ်။
Jung ပြောတာက –
အတွင်းစိတ်နဲ့ အပြင်လောကက
တစ်ခါတစ်လေ ထပ်တူကျတယ်။
Jung ရဲ့ နာမည်ကျော် ဥပမာ
လူနာတစ်ယောက် အိပ်မက်ပြောပြတယ်။
ရွှေရောင် Scarab Beetle အကြောင်း။
ပြောနေတုန်း
ပြတင်းပေါက်မှာ Scarab Beetle တစ်ကောင်
လာနားတယ်။
တိုက်ဆိုင်မှုလား။
Jung က Synchronicity လို့ ခေါ်တယ်။
ဘာကြောင့် ဖြစ်လဲ
Jung ရဲ့ အဖြေ –
Collective Unconscious
လူသားအားလုံးမှာ မသိစိတ် ရှိတယ်။
အဲ့မသိစိတ်က ချိတ်ဆက်နေတယ်။
ကိုယ် သူ့အကြောင်း စဥ်းစားနေတယ်။
သူလည်း ကိုယ့်အကြောင်း စဥ်းစားနေတယ်။
Collective Unconscious မှာ ဆုံနေတယ်။
ဒါကြောင့် ဖုန်းလာတယ်။
သိပ္ပံနဲ့ ဘယ်လိုဆိုင်လဲ
သိပ္ပံက သက်သေမပြနိုင်ဘူး။
ဒါပေမယ့် ပယ်လို့လည်း မရဘူး။
Jung ပြောတယ် –
Cause and Effect က တစ်မျိုး။
Synchronicity က နောက်တစ်မျိုး။
အကြောင်းအကျိုး ဆက်စပ်မှု မဟုတ်ဘူး။
အဓိပ္ပာယ် ဆက်စပ်မှု။
နေ့စဥ်ဘဝမှာ
ဒီလို အတွေ့အကြုံ ရှိဖူးလား –
လူတစ်ယောက်အကြောင်း တွေးနေတုန်း Message လာတယ်။
ပြဿနာတစ်ခု ဖြေရှင်းချင်နေတုန်း အဖြေက ရှေ့ရောက်လာတယ်။
သွားချင်တဲ့နေရာ တွေးနေတုန်း အဲ့နေရာအကြောင်း ကြားရတယ်။
“တိုက်ဆိုင်တာပါ” လို့ ပယ်လို့ရတယ်။
“အဓိပ္ပာယ်ရှိတယ်” လို့လည်း ကြည့်လို့ရတယ်။
Jung ရဲ့ အကြံပြုချက်
Synchronicity ဖြစ်ရင် သတိထားပါ။
ဘာအဓိပ္ပာယ်ရှိလဲ။
ဘာကို ညွှန်ပြနေလဲ။
ဘာလုပ်သင့်လဲ။
တိုက်ဆိုင်မှုလို့ ပယ်မပစ်နဲ့။
Message တစ်ခု ဖြစ်နိုင်တယ်။
သတိထားရမှာ
Synchronicity တိုင်း အဓိပ္ပာယ်ရှိတာ မဟုတ်ဘူး။
တကယ့် တိုက်ဆိုင်မှုလည်း ရှိတယ်။
ဒါပေမယ့် –
ထပ်ခါထပ်ခါ ဖြစ်ရင်၊
ခံစားမှု ပြင်းပြင်းရှိရင်၊
အဓိပ္ပာယ်ရှိသလို ခံစားရရင်၊
သတိထားကြည့်ပါ။
Synchronicity ဆိုတာ
အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုင်မှု။
အကြောင်းအကျိုး မဟုတ်ဘူး။
ဒါပေမယ့် ဆက်စပ်နေတယ်။
Jung ယုံကြည်တာက –
အတွင်းစိတ်နဲ့ အပြင်လောကက
တစ်ခါတစ်လေ ထပ်တူကျတယ်။
ဖြစ်ရင် သတိထားပါ။
Message တစ်ခု ဖြစ်နိုင်တယ်။
Phyo Paing @ Derek