ဟင်းချိုမှုန့်စားနေကျလူကျ
အရမ်းဟင်းချိုမှုန့်များတာ
သတိထားမိမှာ မဟုတ်ဘူး။
ဟင်းချိုမှုန့်ရှောင်တဲ့သူက
ဟာဒါဟင်းချိုမှုန့်များလိုက်တာဆိုတာသိတယ်။
အကုသိုလ်များ ပူလောင်နေတဲ့သူက
လောကငရဲကျနေမှန်းမသိဘူး။
သူနဲ့ထိတဲ့သူက သိတယ်။
ဒါကြောင့်လူတွေက
ဓာတ်တူရာစုကြတယ်။
မွဲတဲ့သူအချင်းချင်း နှလုံးသားနီးတယ်။
အဆင်ပြေတဲ့သူ အချင်းချင်း နှလုံးသားနီးတယ်။
ဘူတဲ့သူအချင်းချင်း
နှလုံးသားနီး ငြင်းခုံတယ်။
အဆင်ပြေနေတဲ့သူက
အပူကိုသွားမယူတတ်ဘူး။
လွတ်ချတတ်တယ်။
ကမ္ဘာလောကဆိုတာ ရွေးချယ်မှုပေါ်မူတည်ပြီး
ရလဒ်ရတဲ့ ဂိမ်းတစ်ခုပဲ။
တချို့ရွေးချယ်မှုတွေက အတိတ်ကြောင့်၊
တချို့ရွေးချယ်မှုတွေက ပစ္စုပ္ပန်ကြောင့်။
Phyo Paing @ Derek