Attention

အာရုံက အင်နာဂျီပဲ။

အာရုံက အင်နာဂျီပဲ။ကိုယ့် အာရုံ ဘယ်မှာ ရှိလဲ ဆိုတာကကိုယ့် ဘဝ ဘယ်မှာ ရှိလဲ ပြတယ်။ “Where attention goes, energy flows” အာရုံ ဘယ်ကို သွားလဲအင်နာဂျီ ဒီကို စီးတယ် ဒါ ရိုးရှင်းတယ်။ဒါပေမယ့် ဒါ ဘဝ ကို ပြောင်းပစ်နိုင်တဲ့အစွမ်းထက်ဆုံး မူ ဖြစ်တယ်။ ကိုယ့် အာရုံ ဘယ်မှာ ရှိလဲဒီ မေးခွန်း ကိုယ့်ကိုကိုယ် ရိုးသားစွာ မေးကြည့်ပါ။ မနက် နိုးတာနဲ့ ဘာ ကြည့်လဲဖုန်းလားကိုယ့် ရည်မှန်းချက်လား။ဘယ်လိုသတင်းတွေလဲ။အတင်းအဖျင်းလား၊ကိုယ့်ဘဝတိုးတက်ရေး၊ကုသိုလ်ရေးအတွက်လား။ ညနေ အချိန်လွတ်ရင် ဘာ လုပ်လဲရည်ရွယ်ချက်မရှိ Scroll လုပ်လားကိုယ့် ဘဝ အတွက် တစ်ခုခု တည်ဆောက်လား။ စိတ်ထဲ အများဆုံး ဘာ စဉ်းစားလဲ။တစ်ခြားသူ […]

အာရုံက အင်နာဂျီပဲ။ Read More »

အာရုံနဲ့ သတိ မတူဘူး။

အာရုံနဲ့ သတိ မတူဘူး။ Attention အာရုံကဘယ်ကိုမဆို ရောက်သွားတယ်။ဖုန်းမြည်ရင် ရောက်သွားတယ်။Notification တက်ရင် ရောက်သွားတယ်။လူတစ်ယောက် ဘာပြောပြော ရောက်သွားတယ်။အာရုံဆိုတာ သူများဆွဲချင်ရာ ဆွဲသွားလို့ရတယ်။Mindfulness သတိကတော့ကိုယ်က ရွေးတာ။ဘယ်ကိုထားမလဲ ကိုယ်ဆုံးဖြတ်တာ။ဒီနှစ်ခုကြား ခြားနားချက်ကိုမသိရင် ဒီခေတ်မှာ အရမ်းနစ်နာမယ်။ အခုခေတ်ကိုAttention Economy အာရုံစိုးမိုးရေးစီးပွားရေး လို့ခေါ်တယ်။ကုမ္ပဏီကြီးတွေ၊ Platform တွေ၊ App တွေအကုန်လုံးက ကိုယ့်ရဲ့ Attention အာရုံကို လုယူဖို့ဒီဇိုင်းထုတ်ထားတာ။Facebook ဖွင့်လိုက်ရင်ပြီးချင်မှ ပြီးတဲ့ FeedTikTok ဖွင့်လိုက်ရင်ရပ်ချင်မှ ရပ်တဲ့ AlgorithmYouTube ဖွင့်လိုက်ရင်နောက်တစ်ခု Auto Playဒါတွေအကုန်လုံးကကိုယ့် Attention ကို ဖမ်းဖို့Billion Dollar Company တွေကပုံကြီးချဲ့ ရင်းနှီးမြှပ်နှံထားတာ။ကိုယ်က သတိမထားရင်ကိုယ့်ရဲ့ အာရုံဟာသူများရဲ့ ပစ္စည်းဖြစ်သွားတယ်။ ဗုဒ္ဓရဲ့ သတိပဋ္ဌာန်မှာသတိဆိုတာ ဘယ်လောက်အရေးကြီးလဲ ပြောထားတယ်။မနသိကာရ ဆိုတဲ့

အာရုံနဲ့ သတိ မတူဘူး။ Read More »

အာရုံ ဘယ်ကို သွားနေလဲ —ကြည့်ပါ။

အာရုံစီမံခန့်ခွဲမှု အချိန်က တန်းတူညီမျှပါ။တစ်နေ့ ၂၄ နာရီ။လူတိုင်းအတွက် အတူတူပဲ။ ဒါပေမယ့် ရလဒ်က ဘာလို့ ကွာသွားတာလဲ။ အချိန်ကို စီမံတာ မဟုတ်ဘူး။အာရုံ (attention) ကို စီမံတာ။ အချိန်က ထွက်ပြေးနေတဲ့ မြင်းတစ်ကောင်လိုပဲ။ဖမ်းလို့ မရဘူး။ဘယ်သူမှ မရပ်နိုင်ဘူး။ ဒါပေမယ့် အာရုံကတော့ကိုယ်တိုင် ချုပ်ကိုင်နိုင်တာ။ဘယ်ကိုပြောင်းမယ်၊ ဘယ်ကိုအာရုံစိုက်မယ် —ဒါ ကိုယ်ရွေးချယ်လို့ရတယ်။ မနက်ရောက် ဖုန်းကောက်ကိုင်လိုက်တာနဲ့Instagram မှာ ၁၅ မိနစ်ပျောက်။Facebook မှာ ၂၀ မိနစ်ပျောက်။YouTube Shorts မှာ မသိဘဲ ၄၅ မိနစ်ပျောက်။ အချိန်ပျောက်တာ မဟုတ်ဘူး။အာရုံ ပျောက်တာ။ အာရုံစိုက်အလုပ််လုပ်ချင်တယ်။ဦးနှောက်က ဘာလို့ မလုပ်နိုင်တော့တာလဲဆိုတော့ —အာရုံ စုစည်းနိုင်တဲ့ စွမ်းအားမနက်စောစောကတည်းက အကုန်ခံပြီးသား ဖြစ်သွားလို့။ အမေရိကန် စိတ်ပညာရှင် William James

အာရုံ ဘယ်ကို သွားနေလဲ —ကြည့်ပါ။ Read More »