နေ့စဉ်တိုးတက်ချင်ရင်
စာတွေနဲ့မရဘူး။
ငါတွေ့လိုတယ်။
ငါတွေ့ရဖို့
စမ်းကြည့်ဖို့လိုတယ်။
စမ်းကြည့်တဲ့အခါ
မအောင်မြင်မှု၊ အလုပ်မဖြစ်မှုတွေရှိမယ်။
တွေ့ရှိမှု discoveries တွေရှိမယ်။
မားကတ်တင်းစာအုပ်ဖတ်ရုံနဲ့
မားကတ်တင်းကျွမ်းကျင်လာမှာမဟုတ်ဘူး။
Content တွေဖန်တီးကြည့်။
Copy တွေရေးကြည့်။
Ads တွေကြော်ငြာတွေ run ကြည့်။
Campaign တွေဖန်တီး။
သင်ယူ။
ဒီလိုပဲသွားရမှာ။
Entrepreneurship စာအုပ်တွေ
ဖတ်နေရုံနဲ့လဲ
အောင်မြင်ငွေရ သုံးသူရှိတဲ့
ကုန်ပစ္စည်းတွေ စျေးကွက်ထဲ
မိတ်ဆက်နိုင်မှာမဟုတ်ဘူး။
စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။
စာတွေ့နဲ့ မရ။
ငါတွေ့လိုတယ်။
လူရှေ့သူရှေ့စကားပြောခြင်း၊
စျေးရောင်းခြင်း။
အတူတူပါပဲ။
Phyo Paing @ Derek