Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စမ်းဖို့မကြောက်ပါနဲ့။

ကိုယ်တိုင်လေ့လာသင်ယူမှုမရှိဘဲ
AI ကို မကျွမ်းကျင်နိုင်ဘူး။

စမ်းကြည့်။ မှားကြည့်။
မေးကြည့်။ ပြန်ပြင်ကြည့်။

AI ကို စတင်လေ့လာမယ်ဆို

  1. Chatgpt Atlas Browser ကို
    download လုပ်လိုက်။
  2. Chatgpt/ Gemini/Claude အကောင့်ဖွင့်။
  3. မေးချင်တာကို မေး။​
    ပုံထုတ်ချင်တာထုတ်။
    မသိရင် Chatgpt Atlas ဘေးမှာ
    မြန်မာလိုမေး။
    ဥပမာ Custom GPT ဆိုတာဘာလဲ။
    Gemini Canvas ဆိုတာ ဘာလုပ်ပေးသလဲ
  4. ခဏခဏ သုံး။
    ပြီးရင် လိုက်ကလိကြည့်။
    Chatgpt မှာ project တွေလုပ်ကြည့်။
    အကြောင်းအရာတူတာကို
    project အောက်ထဲထည့်။
    Custom GPT လိုက်လုပ်ကြည့်။
    မကြိုက်ရင်ဖျက်လိုက်။
    မပေါက်ကွဲတတ်ဘူး။

ဒါတွေသိပြီဆို ကိုယ့်လုပ်ငန်းအတွက်
Youtube မှာ n8n/make/zapier သွားလေ့လာ။
အားမရရင် Udemy ကိုသွား။
လုပ်ပြီးသား workflow/ template တွေလဲ
အများကြီးပဲ။
မသုံးတတ်ရင် ဒါကို gemini ထဲထည့်။
ပြန်မေးကြည့်။

အဲ့ဒါတွေနဲ့ အချိန်မကုန်ချင်ဘူးဆို
ဝန်ဆောင်မှုပေးတဲ့သူတွေနဲ့ချိပ်ဆက်လိုက်။​
(ဥပမာ Notion by Bhone မှာ ဆရာဘုန်းတို့၊
DBS Myanmar
ဆရာအောင်မွန်ချမ်းတို့လဲ
customized လိုချင်တာလုပ်ပေးနေတယ်။)

Openclaw/ Hermes တွေ သုံးမယ်ဆိုလဲ
ငွေသိပ်မကုန်ပဲ Minimax/ MaxClaw တို့သုံးလို့ရတယ်။

အလွန်ဆုံးကုန်
Chatgpt $20/month
Gemini $20/month
Claude $20/month
သုံးခုထဲက တစ်ခုပဲရွေးလို့ရတယ်။
Agent $16 to $33/ month

AI နည်းပညာက နေ့စဥ်တိုးတက်နေတာ။​
မနေ့က အချိန်ကုန်ခံလုပ်နေတာက
ဒီနေ့လုပ်စရာလိုချင်မှ လိုတော့မယ်။
ဒါကြောင့် တစ်ရက် ၁၅ မိနစ်လောက်
အချိန်ပေးပြီး စမ်းကြည့်။
လွယ်အောင်လုပ်ကြည့်။

အကောင်းဆုံးနည်းက
ကိုယ်တိုင်စမ်းတာ။​
ဘာကြောင့်လဲဆိုတော့
ကိုယ့်ရဲ့ best practice နဲ့
တခြားတစ်ယောက်ရဲ့ best practice နဲ့မတူနိုင်ဘူး။

စမ်းဖို့မကြောက်ပါနဲ့။

Phyo Paing @ Derek

Share Your Idea!​