စာဖတ်ခြင်း အလေ့အကျင့်က
အမြင်ကျယ်စေတယ်။
လူအများစုက စာမဖတ်တတ်ကြဘူး။
ဒါကြောင့် စာဖတ်ခြင်းအနှစ်သာရကိုမသိဘူး။
စာဖတ်တယ်ဆိုတာ
ဦးနှောက်ကို အစာကျွေးတာပဲ။
အတွေးတွေကို တချက်တချက်
အလင်းတွေ ဖွင့်ပေးတယ်။
ပြဿနာအများစုရဲ့အဖြေဟာ
စာအုပ်တွေထဲမှာ ရှိပြီးသား။
ChatGPT နဲ့ AI တွေက
ဒါကို ၆ တန်းအရွယ်နားလည်နိုင်တဲ့
ဘာသာစကားနဲ့ပြန်ပြောတယ်။
တခါတလေ စာရေးသူသုံးလိုက်တဲ့
စကားလုံး၊ စာကြောင်းက
အလင်းဖွင့်ပေးတာ။
ဒါပေမယ့် အေအိုင်မှာ
ဒီစကားလုံးတွေက ပါချင်မှပါမှာ။
စာဖတ်ခြင်းဟာ စာရေးသူနဲ့စကားပြောခြင်းပဲ။
စာအုပ်တွေမှာတောင်
AI-generated, AI-assisted သို့
လူရေး အဲ့လိုရှိသေးတာမဟုတ်လား။
စာဖတ်ခြင်းက
အရေးကြီးသေးတယ်လို့ထင်တယ်။
အရမ်းတော်တဲ့
အင်္ဂလိပ်အဖိုးကြီးတစ်ယောက်တွေ့ဖူးတယ်။
ကိုယ်နဲ့လဲတော်တော်ခင်တယ်။
သူလုပ်တဲ့အလုပ်အကြောင်းမှာ
အကုန်သိတယ်။
တစ်ခုပဲ အလုပ်အပြင်ကို မသိဘူး။
စာဖတ်တာကို မယုံဘူး။
သိချင်ရင် အင်တာနက်မှာရှာလို့ရတယ်။
ကိုယ်ကျွမ်းကျင်တာကိုပဲသိတာက
ကိုယ့်ကို တခြားနယ်ပယ်တွေကို
မမြင်စေနိုင်ဘူး။
Myopia အမြင်ကျဉ်းစေနိုင်တယ်။
စာဖတ်ခြင်းအတွက် အချိန်ပေးဖို့လိုတယ်။
YouTube ကြည့်တာနဲ့လဲမတူဘူး။
စာဖတ်တာက active learning ဖက်သွားတယ်။
Phyo Paing @ Derek