Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။

အောက်ကျနောက်ကျဖြစ်တာ၊
ရွေးချယ်စရာမရှိပိတ်မိနေတာ၊
အချိန်တွေ အလဟသဖြုန်းမိတာ
ဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။

ဒါကြောင့် ပညာရေးမှာလဲ
အောက်ကျနောက်ကျမဖြစ်အောင်
အကောင်းဆုံးတော့လုပ်ခဲ့တယ်။
ကျန်းမာကြံ့ခိုင်ရေး၊
အလုပ်အကိုင်၊
ငွေရေးကြေးရေး၊
ချစ်သူရည်းစားလင်မယား၊
ကိုယ့်မိဘနဲ့ အမျိုးတွေအတွက်တာဝန်၊
တိုးတက်ရေးနဲ့ စိတ်ငြိမ်းချမ်းရေး
အောက်ကျနောက်ကျဖြစ်မနေအောင်
အားထုတ်တယ်။

နောက်ရွေးချယ်စရာရှိတဲ့ဘဝလိုတယ်။
ဒီတစ်နေရာအဆင်မပြေရင်
တစ်နေရာမှာ အသက်ဆက်ရှင်သန်နိုင်ဖို့။
အသက်မွေးမှုတစ်ခု အဆင်မပြေရင်
နောက်တစ်ခုအလွယ်တကူပြောင်းလို့ရအောင်
backup professions တွေထားထားတယ်။

အချိန်တွေအလဟသမဖြုန်းဖြစ်အောင်
နေ့စဉ် အကျိုးရှိအောင်အသုံးချတယ်။
ဘဝမှာ အလဟသ သုံးဖြုန်းလိုက်တဲ့အချိန်ဆိုတာ
မရှိသလောက်ရှားတယ်။
ဒါကြောင့် ဘဝမှာ ပြန်ပြင်ချင်တဲ့အရာ
နောင်တရတဲ့အရာဆို
မရှိသလောက်ပဲ။

ကိုယ်မုန်းတဲ့အရာတွေ မရအောင်
အားထုတ်ခြင်းကလဲ
ကိုယ့်ကို အားအင်တွေပေးတယ်။

Phyo Paing @ Derek

Share Your Idea!​