ပိုကောင်းတဲ့ဘဝ တည်ဆောက်ဖို့
တွက်ချက်တတ်ဖို့လိုတယ်။
ဒီအတိုင်းထိုင်နေရုံနဲ့
ပိုမကောင်းလာပါဘူး။
ဆုတောင်းရုံနဲ့ ဆုတောင်းပြည့်လာမယ်ဆို
ဘာမှ ကြိုးစားအလုပ်လုပ်စရာတောင်
လိုမယ်မထင်ဘူး။
ပိုကောင်းတဲ့ဘဝအတွက်
သဘာဝရဲ့ သဘောတရားကို
တွက်ချက်တတ်ဖို့လိုတယ်။
တွက်ချက်ဖို့ နားလည်ဖို့လိုတယ်။
နားလည်တွက်ချက်တတ်မှ
မှန်းဆပြင်ဆင်လို့ရမှာ။
သဘာဝရဲ့သဘောတရားကို
ဘာသာတရားနဲ့ နားလည်အောင်
လေ့လာခဲ့ကြတယ်။
နောက်သိပ္ပံပညာနဲ့လေ့လာခဲ့ကြတယ်။
နောက်နည်းပေါင်းစုံနဲ့လေ့လာကြတယ်။
ကံ ကံ၏အကျိုး။
သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိတယ်။
စွန်းအင်ဆိုတာ အသစ်ဖန်တီးလို့မရဘူး။
ခြေဖျက်လို့မရဘူး။
ပြောင်းလို့ပဲရတယ်။
သဘာဝရဲ့ သဘောတရားကို
သဘောမပေါက်တဲ့သူက
တိုင်ပိုပတ်တယ်။
မိဘတွေနှုံအရင်
သားသမီးတွေ ပိုဒုက္ခရောက်တယ်။
တွက်ချက်မှန်းဆပြင်ဆင်တတ်ဖို့
ပညာသင်ကြတယ်။
Phyo Paing @ Derek