Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။

ပညာဘာကြောင့်သင်လဲ
ကျွန်တော့်အမြင်ပြောကြည့်မယ်။

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။

ပညာကို ကျောင်းကသင်တယ်၊
ဆရာတွေဆီကသင်တယ်၊
စာအုပ်စာပေတွေဆီကသင်တယ်။
ဘဝထဲကသင်တယ်။
စာတွေ့နဲ့သင်လို
ငါတွေ့နဲ့လဲသင်တယ်။

ပညာကိုတန်ဖိုးထားတဲ့လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက်
ပညာရွှေအိုးလူမခိိုးတို့လို
ဆိုရိုးတွေရှိခဲ့ကြတယ်။

ဒီနေ့ခေတ် ပညာသင်တယ်ဆိုတာ
ဘယ်တက္ကသိုလ်က ဘာဘွဲ့ကိုယူခဲ့တယ်။
ဘယ်လိုလူတွေနဲ့သိတယ် status signaling တစ်ခုဖြစ်လာတယ်။
လူတွေအထင်ကြီးစေတယ်။
ဒါကလဲ ဘဝအတွက် အများကြီး
သက်သောင့်သက်သာဖြစ်စေတယ်။

အရင်ခေတ်တုန်းကဆို ဆေးကျောင်းပေါ့။
ဒီနေ့ခေတ်က Ivy League တက္ကသိုလ်တွေပေါ့။

ပညာသင်တဲ့ရည်ရွယ်ချက်က
ဆရာပြောတာကိုပဲ နားထောင်ဖို့မဟုတ်ဘဲ
ကိုယ်ကြုံတွေ့နေရတဲ့
ကိုယ်ကြုံတွေ့ရမည့် ပြဿနာကိုဖြေရှင်းနိုင်ဖို့။

ကိုယ့်သားသမီးအတွက်
ပညာရေးဘယ်လိုမြင်လဲဆို
သူ့ပြဿနာ သူဖြေရှင်းတတ်ပြီး
ပျော်ရင်ရပြီ။

လူတစ်ယောက်ပြဿနာက
ကျန်းမာကြံ့ခိုင်ရေး၊
ငွေးကြေး၊ အလုပ်အကိုင်၊ စီးပွား၊
ပေါင်းသင်းဆက်ဆံရေး၊
ကျွမ်းကျင်မှု (ဘာသာစကားနဲ့ အသက်မွေးမှုပါတာပေါ့)
စိတ်ငြိမ်းချမ်းရေး
ဒီပြဿနာတွေ။

တခါတလေ ကျောင်းတက်ရင်း
ပညာဘာကြောင့် သင်လဲမေ့သွားတတ်တယ်။

ကျွန်တော်တို့ ဘဝမှာဆန္ဒတွေရှိနေသမျှ
ဆန္ဒတွေမပြည့်ရင် ဝေဒနာတွေဖြစ်နေမယ်။
ဒီ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့
ပြဿနာတွေ ဖြေရှင်းရမယ်။
ဖြေရှင်းနိုင်ဖို့ ပညာသင်ရတယ်။

ဒါကတော့ ကျွန်တော်မြင်တဲ့
ပညာရေးပါပဲ။

Phyo Paing @ Derek

Share Your Idea!​