ဖရိုဖရဲဖြစ်ချင် စီမံခန့်ခွဲမှုမလုပ်နဲ့။
ကိုယ့်ခန္ဓာကိုယ် ဖရိုဖရဲဖြစ်ချင်
စီမံခန့်ခွဲမှုမလုပ်နဲ့။
ငွေကြေး ဖရိုဖရဲဖြစ်ချင်
စီမံခန့်ခွဲမှုမလုပ်နဲ့။
ဘဝ ဖရိုဖရဲဖြစ်ချင်
စီမံခန့်ခွဲမှုမလုပ်နဲ့။
အချစ်ရေး ဖရိုဖရဲဖြစ်ချင်
စီမံခန့်ခွဲမှုမလုပ်နဲ့။
အလိုလိုပေါက်တာ မြက်ပင်များတယ်။
ပန်းကောင်းပန်းမံရချင်ရင်
တကူးတက ပျိုးထောင်ရတာများတယ်။
စီမံခန့်ခွဲတယ်ဆိုတာ
ရည်မှန်းချက်သတ်မှတ်ရတယ်။
လိုအပ်တာကြိုတင် စီမံကိန်းချရတယ်။
စုစည်းရတယ်။
ဦးဆောင်အကောင်အထည်ဖော်ရတယ်။
ရလဒ်ကိုပြန်တိုင်းတာရတယ်။
လိုအပ်ရင် ပြန်ပြင်ရတယ်။
ဖြစ်ပြီးပျက်တာ သဘာဝ။
မဖြစ်ပဲ ပျက်ပျက်သွားတာ ကိုယ်ညံ့လို့။
ဖြစ်ပြီးပျက်တာထက်
မဖြစ်ပဲ ပျက်သွားတာ ပိုဆိုးတယ်။
ချမ်းသာပြီးသေသွားတာထက်
ဆင်းရဲပြီး သေသွားတာပိုဆိုးတယ်။
Phyo Paing @ Derek