ကိုယ့်အတွေးအခေါ်လောက်
ကိုယ့်ကို ဒုက္ခပေးတဲ့အရာမရှိဘူး။
အတွေးတွေကို စီမံနိုင်ရင်
အကြံအစီတွေကို စီမံနိုင်တယ်။
အကြံအစီကို စီမံနိုင်ရင်
အလုပ်အကိုင်ကို စီမံနိုင်တယ်။
အလုပ်အကိုင်ကို စီမံနိုင်ရင်
ရလဒ်တွေကို စီမံနိုင်တယ်။
အတွေးတွေကို စီမံဖို့
ကိုယ်ဘယ်လိုတွေးလဲသိဖို့လိုသလို
ဘယ်လိုတွေးရင် ကိုယ့်အတွက်အကောင်းဆုံးလဲ
သိဖို့လိုတယ်။
Phyo Paing @ Derek