ဘဝကို စီမံဖို့
တစ်နေ့တာကို စီမံနိုင်ဖို့လိုတယ်။
ဒါမှ တစ်ပတ်ကို စီမံနိုင်မယ်။
ဒီလိုနဲ့ တစ်လ၊ တစ်နှစ်စီမံနိုင်မယ်။
ကိုယ့်ကိုကိုယ်တောင်မစီမံနိုင်တဲ့သူကို
မန်နေဂျာခန့်ရင် ငါးပါးမှောက်သွားမယ်။
တချို့က သံသရာအတွက် စဉ်းစားနိုင်တယ်။
တချို့က တစ်ဘဝအတွက် စဉ်းစားနိုင်တယ်။
တစ်ချို့က ဆယ်နှစ်စာ စဉ်းစားနိုင်တယ်။
တစ်ချို့က တစ်နှစ်စာ။
တစ်ချို့က တစ်လ။
တချို့က တစ်ပတ်။
တစ်ချို့က တစ်ရက်။
တစ်ချို့က ဘဝအတွက် စီမံခန့်ခွဲရမယ်ဆိုတာကို
မသိဘူး။
ဘဝကို စံမီဖို့က စီမံဖို့လိုတာ
အမှန်ပါပဲ။
Phyo Paing @ Derek