ကိုယ့်အစွမ်းအစတွေကို
ဖြုန်းတီးပြီး
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုနေ
ကိုယ်နဲ့မထိုက်တန်တဲ့သူ၊
မထိုက်တန်တဲ့နေရာ၊
မထိုက်တန်တဲ့အိုင်ဒီယာနဲ့
နေထိုင်ပြီး အသက်ထွက်မည့်သူတွေကိုမုန်းတယ်။
အမှန်တော့ စိတ်ပညာရှာ Carl Jung က
ခင်ဗျာမုန်းတဲ့အရာက
ခင်ဗျာကိုယ်တိုင် ဖိနှိပ်ထားတဲ့အရာတဲ့။
ဒါကို အရိပ် shadow လို့ခေါ်တယ်တဲ့။
မှန်တော့မှန်တယ်။
ဘဝမှာ အဲ့ခေတ်က သိန်း ၂၀ ကျော်
ဖုန်းလေးဝယ်ချင်တော့လဲ
ကိုယ်တိုင်ပဲကြံရတယ်။
ကားဝယ်ချင်တော့လဲ အဲ့လဲပဲ။
တစ်ခုခုလိုချင်တိုင်း
ခေါင်းကကြံ၊ လုပ်ဆောင်ရတော့
တစ်ခုခုဆို လိုချင်တာမရတဲ့
ငတုံးဖြစ်မှာ စိုးရိမ်တယ်။
ဒီနေ့ နေသလိုဖြစ်တဲ့ဘဝမှာ
အတတ်နိုင်ဆုံး ဖြစ်သလိုမနေမိအောင်
စီမံရတယ်။
ငယ်ရွယ်နုပျိုမှုအချိန်တွေကို
အလဟသ မဖြစ်ဖို့
လေ့လာ၊ စမ်းသပ်၊ လုပ်ဆောင်ရတယ်။
နောက်ကိုယ်နဲ့မတန်တော့တဲ့သူတွေ
အနားက ထွက်ခွာ၊
အရင်အိုင်ဒီယာတွေကို စွန့်ခွာရပြန်တယ်။
အမှန်တော့ ကိုယ်မုန်းတဲ့အရာတွေက
ကိုယ်က ဖိနှိပ်ထားတဲ့ အရာတွေတဲ့။
ဘဝဆိုတာ ရွေးချယ်မှုကစားပွဲတစ်ခုပဲ။
Phyo Paing @ Derek