တချို့တွေက မွေးကတည်းက
ခြေမွေးမီးမလောင် လက်မွေးမီးမလောင်။
တချို့တွေက မွေးကတည်းက
ရုန်းကန်တာ ထုံးစံ။
တချို့တွေက တစ်ခုခုဆို
တစ်ခါတည်းနဲ့ အောင်မြင်သွားတာနည်းတယ်။
တချို့တွေက သူများမကြုံဖူးတဲ့
ပြဿနာတွေ တစ်ခုပြီးတစ်ခု။
တချို့က သူ့မှာ အထောက်အပံအမြဲရှိတယ်။
တချို့က လူချစ်လူခင်များ ကူညီဖေးမမည့်သူရှိတယ်။
တချို့က မွေးရာပါ သူများနဲ့မတူလုပ်မှ အောင်မြင်တယ်။
တချို့က သူများထက် ကောင်းအောင်လုပ်မှအောင်မြင်တယ်။
လူတွေမှာ မွေးရာပါ ကံတွေမတူကြဘူး။
ဒီဘဝတစ်ခုရဲ့ ကံတွေကို နက္ခအမျိုးမျိုးနဲ့ကြည့်လို့ရတယ်။
ဂြိုလ်တွေနဲ့ အကောင်းအဆိုး
အကြမ်းဖျင်းတော့ ပြောပြလိမ့်မယ်။
အကောင်းဆုံးနည်းတစ်ခုက
ကိုယ့်ဘဝရဲ့ ပေးထားချက်ကိုနားလည်ဖို့ပဲ။
ကိုယ့်ဘဝ ပေးထားချက်ကိုနားလည်ဖို့
ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့ pattern ပက်တမ်တွေကို
သတိပြုမိဖို့ အရေးကြီးတယ်။
ပြီးရင် ကိုယ်တိုင် အတွေးအခေါ်၊
လောကအမြင်နဲ့
ဥပဒေသထုတ်နိုင်ဖို့အရေးကြီးတယ်။
ပြီးရင်ကိုယ့်ရဲ့
Talent မွေးရာပါပါရမီ
Passion ဝါသနာ
Skill ကျွမ်းကျင်မှု
Value တန်ဖိုးထားမှု
Purpose ရည်ရွယ်ချက်
Network အပေါင်းအသင်း အသိုင်းအဝိုင်း
ပြီးရင် ကိုယ်ဖြေရှင်းပေးမည့် တခြားသူတွေရဲ့
Needs လိုအပ်ချက်
Wants လိုချင်တဲ့အရာ တွေကိုသေချာသိဖို့လိုတယ်။
ပြီးရင်တော့ ကိုယ့်စီးပွါးကို
Component value တခြားသူတွေငွေရတိုင်း ကိုယ်ရဖို့
Share value ကိုယ့်လုပ်ငန်းရှယ်ယာကို ရောင်းချခြင်းက ငွေရနိုင်မှု။
ဒီ ဆယ်ခုကို အသုံးပြုနိုင်ဖို့လိုတယ်။
ဥပမာ ကျွန်တော့်ဘဝမှာ
လိုချင်တာဆို အလကားရတာထက်
ဥာဏ်သုံးပြီး ကြံဆရ၊
ကြိုတင်ပြင်ဆင်ရတယ်။
ပြဿနာပေါင်းစုံ ဖြေရှင်းရတယ်။
ကျွန်တော့်ရဲ့ talent က
မဟာဗျူဟာမြောက်စဉ်းစားခြင်း၊
ပြဿနာ အဖြေရှာခြင်း၊
စနစ်တွေရဲ့ချိပ်ဆက်စဉ်းစားခြင်း။
strategic thinking,
problem-solving နဲ့
systems thinking
ကိုယ့်ရဲ့ ဝါသနာက
သင်ယူခြင်း၊ စမ်းသပ်ခြင်း၊ မျှဝေခြင်း
learning, experimenting and sharing
ကိုယ့်ရဲ့ ကျွမ်းကျင်မှုက
အကြံပေး၊ သင်ကြား၊ စွန့်ဦးတီထွင်မှု။
Consulting, Teaching and Entrepreneurship
ကိုယ့်ရဲ့ တန်ဖိုးထားမှုက
တိုးတက်မှု၊ လွတ်မြောက်မှု၊ ရင်ခုန်မှု။
Growth, Freedom, Excitement
ကိုယ့်ရဲ့ ရည်ရွယ်ချက်က
လူသားတွေရဲ့ဘဝကို ပညာရေးနဲ့နည်းပညာသုံး
ပြောင်းလဲအောင် ကူညီပေးဖို့။
Transforming lives through education and technology
ကိုယ့်ရဲ့ အသိုင်းအဝိုင်းက
နည်းပညာ၊ စီးပွါးရေးသမား၊ ရင်းနှီးမြုပ်နှုံမှု
ဒီအသိုင်းအဝိုင်းသုံးခုထဲကျင်လည်တယ်။
ကိုယ်ဖြေရှင်းတဲ့ needs က
လူတွေ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်ဖို့
Personal Development
လူတွေ တခြားသူပြဿနာကို
မားကတ်တင်းနဲ့ဖြေရှင်းပေးနိုင်ဖို့
Professional Development
လူတွေ ကိုယ့်စီးပွါးရေးပြဿနာ
ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့
Business Development
ကိုယ်ပေးနေတဲ့ wants က
လူတွေ မမှတ်မိအောင်တိုးတက်ပြောင်းလဲမှု။
ကိုယ်မပါဘဲလည်ပတ်တဲ့လုပ်ငန်း။
နည်းနည်းလုပ် များများရမားကတ်တင်းစနစ်။
Component Value သူများငွေရှာတိုင်း ကိုယ်ငွေဝင်တာက
စာအုပ်ထုတ်ဝေခြင်း။
ဆိုင်တွေက ရောင်းတိုင်း သူတို့လဲ ငွေဝင်၊
ကိုယ်လဲငွေဝင်။
Learning Platform
Instructor သင်ကြားသူတွေငွေဝင်
ကိုယ်လဲငွေဝင်။
Franchise ပုံစံ center များ။
မြေပိုင်ရှင်ငွေဝင် ကိုယ့် business group ငွေဝင်။
Share Value
ဒါကတော့ စောသေးတဲ့အတွက်
မလုပ်ဖြစ်သေးဘူး။
အကြံပေးပြီး equity ပိုင်ဆိုင်မှုရတဲ့
လုပ်ငန်း သုံးခုလောက်တော့
လုပ်နေတယ်။
ဒါက Master Your Flow နည်းနာပဲ။
ကိုယ့်ဘဝက alignment မကိုက်ရင်
လမ်းပျောက်နေမှာ။
ကျွန်တော်ကတော့ ဒီ ၁၀ ခုနဲ့
ဘဝ alignment ငြိတယ်။
ဘဝမှာ ရုန်းကန်တာ ထုံးစံဖြစ်တဲ့
ဘဝထဲက ထွက်မှရမယ်။
Phyo Paing @ Derek