အမြင်မတူရင် အမြင့်မတူဘူး။
လူတိုင်း ကမ္ဘာကြီးကိုမြင်တဲ့
model of the world ရှိတယ်။
အဖြစ်အပျက်တွေကို
ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။
ဘယ်လို ခံစား၊ ဆုံးဖြတ်မလဲ။
ဘာတွေလုပ်ဆောင်မလဲ။
ဒါတွေက လူတစ်ယောက်ရဲ့
လောကအမြင်အပေါ်မှာ မူတည်တယ်။
ကိုယ့်ခေါင်းထဲလည်ပတ်နေတဲ့
လောက အမြင်ကို ပြောင်းနိုင်ဖို့က
အတွင်းကိုပြန်ကြည့်နိုင်စွမ်း introspection လိုတယ်။
ဒါမှပဲ ကိုယ့်ကိုကိုယ် သတိပြုမိမှာ။
ကိုယ့်ကိုကိုယ် သမ္မဓိဌာန်ကျကျ
ပြန်လည်မသုံးသပ်နိုင်တဲ့သူတွေက
စိတ်ညစ်စရာကို ရှောင်လွဲတတ်သူတွေဖြစ်တတ်ကြတယ်။
စိတ်ညစ်စရာရှိရင်
စိတ်ပူလိုက်တာ၊ စိတ်ညစ်လိုက်တာ၊
ငါ့ကို ဒါတွေပဲပြောနေတော့မှာလား၊
ဒါငါ့ကို မပြောနဲ့တော့
ဒီစကားလုံးတွေနဲ့ ရှောင်ဖယ်တတ်ကြတယ်။
ကိုယ့်အမြင်ကို မပြောင်းနိုင်ရင်
အမြင့်ကို မပြောင်းနိုင်ဘူး။
လူဆိုတာ စွမ်းအားရှိတဲ့သတ္တဝါပါ။
ဒါပေမယ့် ကိုယ့်အတွေးကိုယ်မပြောင်းနိုင်ရင်
ခံစားချက်ကို မပြောင်းနိုင်ဘူး။
ခံစားချက်မပြောင်းနိုင်ရင်
လုပ်ရပ်ကို မပြောင်းနိုင်ဘူး။
လုပ်ရပ်မပြောင်းနိုင်ရင်
ရလဒ်မပြောင်းနိုင်ဘူး။
ရလဒ်မပြောင်းရင် ဘဝမပြောင်းဘူး။
ရောက်နေတဲ့အမြင့်ကိုပြောင်းနိုင်ဖို့
လိုအပ်လာရင် ကိုယ့်အမြင်ကိုပြောင်းနိုင်ဖို့လိုတယ်။
Phyo Paing @ Derek