Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လမ်းရွေးတတ်တာထက်လမ်းဆက်တတ်တာကပိုအရေးကြီးတယ်။

နယ်ပယ်တစ်ခုမှာ တိုးတက်အောင်မြင်ရေးရဲ့
အရေးအကြီးဆုံးလျှို့ဝှက်ချက်ကတော့
Compounding လို့ခေါ်တဲ့
အတိုးရင်းပွါး သို့ နှစ်ထပ်တိုးပဲ။​

ဒါကို အောင်မြင်တဲ့သူတိုင်းပြောကြတယ်။

ဘဝမှာ အချိန်ကို အလဟသမဖြုန်းတီးဖို့လိုသလို၊
အလုပ်တွေကို မတူညီတဲ့နယ်ပယ်မှာ
ပြန်စတာမျိုးမဖြစ်ဖို့လိုတယ်။

ကိုယ်လုပ်တဲ့အလုပ်တိုင်းက တစ်နည်းနည်းနဲ့တော့
ဆက်စပ်မှုရှိရမယ်။​

ရှေ့ကိုကြည့်ပြီးဆက်လို့မရရင်
နောက်ကိုကြည့်ပြီးဆက်။
You can’t connect the dots looking forward; you can only connect them looking backwards
ဒါက Steve Jobs ရဲ့နာမည်ကျော်စကား။

အရမ်းတော်တဲ့သူတိုင်းက
နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်တာမဟုတ်ဘူး​။
နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်ဖို့
ကိုယ်အချိန်၊ အာရုံ၊ ကျွမ်းကျင်မှု၊
ဖြတ်သန်းမှုတွေကို
တိုးရင်ပေါင်းရလဒ်ရဖို့ စုစည်းနိုင်ဖို့လိုတယ်။

သုံးနှစ်တိုင်တိုင်
Marketing ကိုလေ့လာထားတဲ့သူက
ရုတ်တရက် Coding ပြန်စတယ်။
နောက်နှစ်နှစ်ကြာတော့ Coding ကရပ်ပြီး
Restaurant ဖွင့်တယ်။

ဆယ်နှစ်ကြာတဲ့အခါ
သူ့လက်ထဲမှာ နယ်ပယ်သုံးခုရဲ့
အလယ်အလတ်အဆင့်ပဲ ကျန်နေတယ်။

တစ်ခုခုမှာ ထိပ်ဆုံးမရောက်နိုင်တာက
စွမ်းရည်မရှိလို့မဟုတ်ဘူး။
ဖြတ်သန်းမှုတွေက တစ်ခုပေါ်တစ်ခု
ဆင့်ပွားမသွားလို့ပဲ။

Compounding ဆိုတာ
အလုပ်များများလုပ်ဖို့မဟုတ်ဘူး။
လုပ်တဲ့အလုပ်တိုင်းက
ရှေ့အလုပ်ပေါ်မှာ
ထပ်ဆင့်တက်နိုင်ဖို့ပဲ။

ဒီနေ့လုပ်တဲ့အလုပ်က
လွန်ခဲ့တဲ့သုံးနှစ်လုပ်ခဲ့တဲ့အလုပ်ရဲ့
အပေါ်မှာ ရပ်နေသလား။
ဒီနေ့လေ့လာတဲ့အရာက
ကိုယ်နောက်ဆယ်နှစ်လုပ်မယ့်အလုပ်ရဲ့
အုတ်မြစ်ဖြစ်နေသလား။

ဒီမေးခွန်းနှစ်ခုကို မဖြေနိုင်ရင်
ကိုယ်က အလုပ်လုပ်နေတာမဟုတ်ဘူး။
အလုပ်ပြောင်းနေတာပဲ။

Warren Buffett ပြောတဲ့
“Life is like a snowball” ဆိုတဲ့စကားက
ဒီအတွက်ပဲ။
နှင်းခဲက ကြီးလာဖို့
လမ်းရှည်ရှည်နဲ့ နှင်းစိုစိုလိုတယ်။
လမ်းတိုတိုပြီး နှင်းခြောက်ပေါ်မှာ
ဘယ်လိုလှိမ့်လှိမ့်
နှင်းခဲမကြီးပါဘူး။

နယ်ပယ်ပြောင်းတိုင်း
ကိုယ်ရဲ့နှင်းခဲကို
အသစ်ပြန်စရတယ်။
ထိပ်ဆုံးရောက်တဲ့သူတွေက
လမ်းရွေးတတ်တာထက်
လမ်းဆက်တတ်တာက
ပိုအရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​