Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။

လူတွေက အဆင်မပြေလေ
မကောင်းပိုမြင်လေ။
သူတပါးအပြစ်ပိုပြောလေ။
အပြစ်တွေအရမ်းတင်နေရင်
ဖြစ်နိုင်တာ

၁။ အကြွေးတင်နေလို့
၂။ အလုပ်အကိုင်မကောင်းလို့
၃။ သမီးရည်းစား၊ လင်မယားအဆင်မပြေလို့
၄။ သူ့ဘဝသူ စိတ်တိုင်းမကျနေလို့။

ချမ်းသာလွန်းပြီး အဆင်မပြေတာရှိနိုင်လားဆို
ရှိနိုင်တယ်။
ရှိထားတာလေး ဆုံးရှုံးမှာ။
ဒီလိုလူက သောကရောက်တယ်။
သူ့သောကသူဖြေရှင်းဖို့ပဲလိုက်ရှာတယ်။
ပထမတစ်ယောက်လိုတော့ အားပြီး
အပြစ်တင်တာသိပ်မများဘူး။

အမှန်တော့ လူတွေအပြစ်မြင်တာများတာက
မွဲနေလို့နဲ့ ဘဝအဆင်မပြေလို့ဖြစ်နိုင်တယ်။

ကိုယ်အဆင်မပြေရင်
အဆင်ပြေသူနည်းနည်းတွေ့ရင်
နံပတ်ဖိုးရောင်းသလား၊ ကျားဖြန့်လုပ်သလား၊
ဂျင်းထည့်သလားအမြဲထင်တတ်တယ်။

တခါတလေ လူတွေက
ငွေရေးကြေးရေးအဆင်မပြေ၊
ဘဝအဆင်မပြေရင်
မကောင်းမြင်တတ်တယ်။
ဒါက ကိုယ့်ကိုအဆိုးမြင်တာပဲမဟုတ်ဘဲ
လူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​