တချို့က ပြောလိုက်တာနဲ့ နားလည်တယ်။
တချို့က အချိန်ယူရတယ်။
တချို့က ဆုံးဖြတ်ချက်မြန်တယ်။
တချို့က စဉ်းစားတာကြာတယ်။
ဒါကို ဉာဏ်ကောင်းတာ၊ မကောင်းတာနဲ့ သွားမရောနဲ့။
စိတ်ပညာမှာ Processing Speed ဆိုတာရှိတယ်။
အချက်အလက်တွေကို ဘယ်လောက်မြန်မြန် လက်ခံနိုင်သလဲ။
ဘယ်လောက်မြန်မြန် နားလည်နိုင်သလဲ။
ဘယ်လောက်မြန်မြန် တုံ့ပြန်နိုင်သလဲ။
လူတိုင်း မတူဘူး။
ဒါပေမဲ့ စဉ်းစားတာမြန်တိုင်း စဉ်းစားတာမှန်တာ မဟုတ်ဘူး။
မြန်တာက Speed။
မှန်တာက Accuracy။
ကောင်းကောင်းဆုံးဖြတ်နိုင်တာက Judgment။
သုံးခု မတူဘူး။
နောက်တစ်ခုက အတွေ့အကြုံ။
စီးပွားရေးအတွေ့အကြုံ ဆယ်နှစ်ရှိတဲ့သူနဲ့ လုပ်ငန်းစလုပ်တဲ့သူ တူညီတဲ့ပြဿနာကို ကြည့်ရင် မြင်တာမတူဘူး။
တစ်ယောက်က ပြဿနာကို မြင်တယ်။
နောက်တစ်ယောက်က ပြဿနာနောက်က Pattern ကို မြင်တယ်။
အတွေ့အကြုံက စဉ်းစားရမယ့်အချိန်ကို လျှော့ပေးနိုင်တယ်။
ဒါကြောင့် ဦးနှောက်မြန်ဖို့တစ်ခုတည်း မကြိုးစားနဲ့။
အသိပညာစု။
အတွေ့အကြုံယူ။
Pattern တွေကို လေ့လာ။
ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်။
အရေးကြီးတာက သူများထက် မြန်ဖို့ မဟုတ်ဘူး။
မြန်သင့်တဲ့နေရာမှာ မြန်။
နှေးသင့်တဲ့နေရာမှာ နှေး။
မှန်သင့်တဲ့နေရာမှာ မှန်ဖို့ပဲ။
Phyo Paing @ Derek