လူတွေက ကိုယ်ထင်သလိုမဟုတ်တတ်ဘူး။
ပြောတဲ့စကားနဲ့
နောက်ကွယ်က ရည်ရွယ်ချက်နဲ့ကမတူတတ်ဘူး။
ဒါကြောင့် စကားတွေရဲ့အလွန်ကို
မြင်နိုင်ဖို့လိုတယ်။
လုပ်ရပ်တွေရဲ့နောက်ကွယ်ကို
ကြည့်နိုင်ဖို့လိုတယ်။
လူလောကမှာ လူတွေနဲ့အဆင်ပြေချင်ရင်
စိတ်ထဲမှာ ရှိတာ အကုန်ပြောလို့မရဘူး။
ပရိယာယ်ရှိရတယ်။
အထာလေးရှိရတယ်။
ကိုယ့်ကိုဘယ်လိုဆက်ဆံရမယ်။
ဘယ်လိုဆက်ဆံလို့မရဘူး။
လူနဲ့ထိတွေ့တဲ့သူတွေကို သင်ပေးရတယ်။
ကိုယ်မကြိုက်တာကိုလုပ်ရင်
မကြိုက်ကြောင်းသိအောင်ချက်ချင်ပြောရတတ်တယ်။
လူအများစုက ကိုယ့်ရဲ့အကျိုးစီးပွါးနဲ့ပဲလည်ပတ်ကြတယ်။
အကျိုးစီးပွါးဆိုတာ ငွေကြေးတစ်ခုတည်းမဟုတ်ဘူး။
အသိအမှတ်ပြုခံရမှု။
ကိုယ်ဖြစ်ချင်တာကိုလုပ်ဆောင်နိုင်စွမ်း။
ပါဝါ။
ရှုပ်ထွေးတဲ့လူ့လောကမှာ
မအမှရမယ်။
Phyo Paing @ Derek