ကျွန်တော့်ဘဝက ကံမကောင်းခဲ့ဘူး။
ကိုယ့်ကိုကိုယ် ဥာဏ်ကောင်းတယ်လို့တော့ထင်တယ်။
ဒီတော့ ကံကြမ္မာဆိုတာကို hack လုပ်ဖို့စဉ်းစားမိတယ်။
ပထမဆုံးလုပ်ဖြစ်တာက
ကံကောင်းတဲ့သူတွေကို လေ့လာတာပဲ။
ဒါကိုလေ့လာဖို့ မင်းသိင်္ခခြံထိလဲရောက်ဖူးသလို
ဗေဒင်ဆရာနဲ့ ယဩာချေတာတွေ
ဂဏန်းဗေဒင်နဲ့ပတ်သက်လို့ လေ့လာလိုက်
ကာဆီနိုမှာ Russian Roulette ကစားလိုက်၊
ဘောလုံးပွဲလောင်းလိုက်၊
အခါတော်ပေးအချိန်နဲ့ အပြောင်းအလဲကိုကြည့်လိုက်နဲ့
၂၀၀၅ ကတည်းက ၂၀၀၉ ထိလုပ်ခဲ့တယ်။
ဒါနဲ့အတူ new thought movement ဆိုတာကိုလဲ
လေ့လာခဲ့တယ်။
နောက်ပိုင်း သိပ္ပံနည်းကျစာအုပ်တွေဖတ်တယ်။
မြန်မာစာနဲ့ရေးထားတဲ့ ကံအကြောင်းမှာဆို
အာမခံက ဒေါက်တာမောင်မောင်သိန်းရေးခဲ့တဲ့
ကံကောင်းအောင်လုပ်နည်းဆိုတဲ့ စာအုပ်ရှိတယ်။
နိုင်ငံတကာမှာလဲ luck နဲ့ ပတ်သက်လို့
လိုက်လေ့လာကြည့်တယ်။
ထီပေါက်ပြီး ပြန်မွဲသွားတဲ့လူတွေအကြောင်းလေ့လာကြည့်တယ်။
တရုတ် ဖုန်းဆွေကိုလဲ လေ့လာကြည့်တယ်။
နှစ်ပေါင်း ၃၀၀၀ ကြာ
မျက်နှာဖတ်နည်း အင်္ဂါဝိဇ္ဇာ
Face-reading (面相) လေ့လာကြည့်တယ်။
နောက်ပိုင်း လက်တွေ့ပိုကျတဲ့
ကံကောင်းတဲ့သူတွေကို ကြည့်ပြီး
သူတို့လုပ်လေ့ရှိတာတွေကို လေ့လာတယ်။
ကံကောင်းတဲ့သူတွေက
သူတို့ကိုယ် သူတို့ ကံကောင်းတယ်ဆိုတာယုံကြည်တယ်။
ကံကောင်းလို့ ကံကောင်းတယ်လို့ယုံကြည်သလား၊
ယုံကြည့်လို့ ကံကောင်းသလား။
ဒါကတော့ စဉ်းစားစရာတစ်ခုပဲ။
နောက်ပိုင်းမှာ သေချာတာတစ်ခုက
ကိုယ့်ရဲ့ရွေးချယ်မှု သုံးခုကိုပြောင်းလိုက်တယ်။
၁။ လူ
၂။ နေရာ
၃။ ခေါင်းထဲထည့်တဲ့အိုင်ဒီယာ
လူတစ်ယောက်နဲ့ တွေ့ပြီးတိုင်း
ကိုယ့်ရဲ့ ကံကြမ္မာအပြောင်းအလဲကို
တိုင်းတာကြည့်တယ်။
တချို့သူတွေနဲ့ တွေ့ပြီးရင်
ဖြစ်ပေါ်လာတဲ့ အင်နာဂျီ
ခံစားချက်၊ အတွေးအခေါ်
ဘဝအပေါ်သက်ရောက်မှုကိုလေ့လာတယ်။
နောက်နေရာနဲ့
ခေါင်းထဲထည့်တဲ့အိုင်ဒီယာ။
ပြီးတော့ ဘူစေတဲ့လူတွေ၊
နေရာတွေ၊ အိုင်ဒီယာတွေကိုရှောင်တယ်။
ကိုယ့်ကို လာဘ်လာဘတိုးတက်စေတဲ့၊
ပျော်စေ၊ တိုးတက်စေတဲ့
အကြည့်ဓာတ်ပေးတဲ့
လူ၊ နေရာ၊ အိုင်ဒီယာကိုမှတ်ထားတယ်။
သူတို့နဲ့ မကြာမကြာ ထိတွေ့တယ်။
လာဘ်ပိတ်တဲ့အချိန် လုပ်ရမည့်အရာတွေကို
လုပ်တယ်။
သူတို့ရဲ့ ဓာတ်အပြောင်းအလဲကို
တိုင်းတာတယ်။
တချို့လူတွေကို ကိုယ်ကခင််တယ်၊
ချစ်တယ်၊
ဒါပေမယ့် ဘူရင်
သတိထားပြီး
ခေါင်းထဲ အတွေးမရောက်အောင်၊
အင်နာဂျီမရောက်အောင် သတိထားတယ်။
ရူးကြောင်ကြောင်တော့ နိုင်လိမ့်မယ်။
ဒါပေမယ့် ကျွန်တော့်အတွက် အလုပ်ဖြစ်တယ်။
ဒါကြောင့် ဘူကောင်တွေကိုရှောင်ဆိုတဲ့
စကားကို ရေးဖြစ်ခဲ့တာ။
ဘဝမှာ ကံကောင်းတဲ့သူတွေနဲ့ပေါင်း၊
ကံကောင်းစေတဲ့ ဘူမိနက်သန်မှာနေ၊
ကံကောင်းစေမည့် အတွေးအခေါ်ထည့်။
လူ၊ နေရာ၊ အိုင်ဒီယာ အရေးကြီးတယ်။
Phyo Paing @ Derek