ကိုယ့်မိဘတွေအပေါ်တာဝန်ကျေတာက
သူတို့ မရှိတော့တဲ့အခါ
ကိုယ်နောင်တမရဘူး။
ကိုယ်သားသမီးတွေအပေါ်တာဝန်ကျေတာက
ကိုယ်မရှိတော့တဲ့အခါ
နောက်ဆံမတင်းအောင် ပြင်ဆင်ပေးခဲ့မယ်။
ကိုယ်နေတဲ့နေရာအပေါ်တာဝန်ကျေတာက
စားသုံးတာထက် ပြန်ပေးတာများခြင်းအားဖြင့်
လူဖြစ်ရကျိုးနပ်မယ်။
ကိုယ့်အပေါ်ကိုယ်တာဝန်ကျေဖို့
ဒီဘဝတစ်ခုမှာ ပေးထားချက်ပေါ်မူတည်ပြီး
အကောင်းဆုံးဗားရှင်းဖန်တီးခြင်းက
သံသရာအတွက် ပါရမီဖြည့်ခြင်းပဲ။
Phyo Paing @ Derek