အာရုံက အင်နာဂျီပဲ။
ကိုယ့် အာရုံ ဘယ်မှာ ရှိလဲ ဆိုတာက
ကိုယ့် ဘဝ ဘယ်မှာ ရှိလဲ ပြတယ်။
“Where attention goes, energy flows”
အာရုံ ဘယ်ကို သွားလဲ
အင်နာဂျီ ဒီကို စီးတယ်
ဒါ ရိုးရှင်းတယ်။
ဒါပေမယ့် ဒါ ဘဝ ကို ပြောင်းပစ်နိုင်တဲ့
အစွမ်းထက်ဆုံး မူ ဖြစ်တယ်။
ကိုယ့် အာရုံ ဘယ်မှာ ရှိလဲ
ဒီ မေးခွန်း ကိုယ့်ကိုကိုယ် ရိုးသားစွာ မေးကြည့်ပါ။
မနက် နိုးတာနဲ့ ဘာ ကြည့်လဲ
ဖုန်းလား
ကိုယ့် ရည်မှန်းချက်လား။
ဘယ်လိုသတင်းတွေလဲ။
အတင်းအဖျင်းလား၊
ကိုယ့်ဘဝတိုးတက်ရေး၊
ကုသိုလ်ရေးအတွက်လား။
ညနေ အချိန်လွတ်ရင် ဘာ လုပ်လဲ
ရည်ရွယ်ချက်မရှိ Scroll လုပ်လား
ကိုယ့် ဘဝ အတွက် တစ်ခုခု တည်ဆောက်လား။
စိတ်ထဲ အများဆုံး ဘာ စဉ်းစားလဲ။
တစ်ခြားသူ ဘဝ ကို စဉ်းစားလား။
ကိုယ့် ဘဝ အကြောင်းကို စဉ်းစားလား။
ကိုယ့် အာရုံ ဘယ်မှာ ရှိလဲ
ကိုယ့် အင်နာဂျီ ဒီမှာ ရှိတယ်။
ကိုယ့် ရလဒ်လည်း ဒီကနေ ထွက်မယ်။
အာရုံ = အင်နာဂျီ = ရလဒ်
ဒါ chain ဖြစ်တယ်
ဒီ chain ရဲ့ အစက “အာရုံ” ဖြစ်တယ်။
အာရုံ ပေးမှားရင် ဘာ ဖြစ်လဲ။
Gossip ကို အာရုံပေးရင်
တစ်ခြားသူ အကြောင်း ပိုသိလာမယ်။
ဒါပေမယ့် ကိုယ့် ဘဝ ဘာမှ မပြောင်းဘူး။
Drama ကို အာရုံပေးရင်
ခံစားချက် ပြင်းထန်လာမယ်။
ဒါပေမယ့် ကိုယ့် ဘဝ ပိုရှုပ်ထွေးသွားမယ်။
တစ်ခြားသူ အောင်မြင်မှု ကို အာရုံပေးရင်
ငြူစူမှု ပိုများလာမယ်။
ဒါပေမယ့် ကိုယ့် အောင်မြင်မှု မတိုးဘူး။
Social media trending ကို အာရုံပေးရင်
ခေတ်မီနေမယ်။
ဒါပေမယ့် ကိုယ့် ဦးတည်ရာ ပျောက်သွားမယ်။
ကြောက်ရွံ့မှု ကို အာရုံပေးရင်
ဘာမှ မလုပ်ရဲဘူး။
ဒါပေမယ့် ဘာမှ မလုပ်တာ ပိုကြောက်စရာ ကောင်းတယ်။
Pattern ကို မြင်မယ်လို့ထင်ပါတယ်။
အာရုံ မှားတဲ့ နေရာ ပေးရင်
ကိုယ့် အင်နာဂျီ မှားတဲ့ နေရာ စီးသွားတယ်။
မှားတဲ့ နေရာ စီးရင်
မှန်တဲ့ နေရာ မရောက်ဘူး။
ဒါ ရိုးရှင်းတဲ့ ရူပဗေဒ ဖြစ်တယ်။
အင်နာဂျီ ကို ဒီဘက် ထည့်ရင်
ဟိုဘက် နည်းတယ်
နှစ်ဘက်လုံး ပြည့်ဖို့ မဖြစ်နိုင်ဘူး။
ဒါကြောင့် အာရုံကို
“ဘယ်မှာ ထည့်မလဲ” ရွေးရတယ်။
ဒီ ရွေးချယ်မှုက ဘဝ ကို ဆုံးဖြတ်ပေးတယ်။
အာရုံ မှန်အောင် ပေးရင် ဘာ ဖြစ်လဲ။
ပညာ ကို အာရုံပေးရင်
ပညာ တိုးတယ်
ပညာ တိုးရင် ရွေးချယ်ခွင့် တိုးတယ်။
ကျန်းမာရေး ကို အာရုံပေးရင်
ခန္ဓာ ပိုကောင်းမွန်ကြံ့ခိုင်လာမယ်။
ခန္ဓာ ကောင်းရင် အရာရာ ပိုလုပ်ဆောင်နိုင်စွမ်းရှိတယ်။
ကိုယ့် ရည်မှန်းချက် ကို အာရုံပေးရင်
တိုးတက်မှု ရှေ့တိုးလာမယ်။
ဘယ်လောက် ဖြည်းဖြည်း ဖြစ်ဖြစ် ရှေ့ရောက်တယ်။
ကိုယ့် skill ကို အာရုံပေးရင်
skill တိုးတယ်
skill တိုးရင် တန်ဖိုး တိုးတယ်။
ဆက်ဆံရေး ကို အာရုံပေးရင်
ဆက်ဆံရေး ခိုင်မာလာတယ်။
ခိုင်မာရင် ခက်ခဲချိန် မကျိုးပျက်ဘူး။
ကိုယ့်ကိုကိုယ် ကို အာရုံပေးရင်
ကိုယ့်ကိုကိုယ် ပိုသိလာတယ်။
ပိုသိလေ ပိုထိန်းနိုင်လေ။
အာရုံ မှန်ရင်
အင်နာဂျီ မှန်တယ်။
အင်နာဂျီ မှန်ရင်
ရလဒ် မှန်တယ်။
ရလဒ် မှန်ရင်
ဘဝ မှန်တယ်။
အားလုံးရဲ့ အစက “အာရုံ” ဖြစ်တယ်
အာရုံ ပြင်ရင် အားလုံး ပြင်သွားတယ်။
ဘဝရဲ့ အကြီးဆုံး ပြိုင်ပွဲလို့ဆိုရင်
ဒီခေတ်မှာ
ကိုယ့် အာရုံ ကို လုယူဖို့
ပြိုင်ကြတယ်
Social media platform တွေ ယူချင်တယ်။
News channel တွေ ယူချင်တယ်။
ကြော်ငြာ တွေ ယူချင်တယ်။
Entertainment တွေ ယူချင်တယ်။
ဒါတွေ အားလုံး
ကိုယ့် အာရုံ ကို ယူဖို့ ဒီဇိုင်း ထားတယ်
ဒါကြောင့်
ကိုယ့် အာရုံ ကို ကာကွယ်ခြင်း ဆိုတာ
ဒီခေတ်ရဲ့ အကြီးဆုံး ကျွမ်းကျင်မှု ဖြစ်တယ်။
ငွေ ပျောက်ရင် ပြန်ရှာလို့ ရတယ်။
အချိန် ပျောက်ရင် ပြန်မရတော့ဘူး။
အာရုံ ပျောက်ရင် အချိန်လည်း ပျောက်တယ် အင်နာဂျီလည်း ပျောက်တယ်။
ဒါကြောင့်
ကာကွယ်ရမယ့် အရာ အဓိက ၃ ခု —
ကိုယ့် အာရုံ။
ကိုယ့် အင်နာဂျီ။
ကိုယ့် အချိန်။
ဒီ ၃ ခု ကာကွယ်နိုင်ရင်
ကိုယ့် ဘဝ ကို ကိုယ် ပိုင်တယ်။
ကာကွယ်မနိုင်ရင်
တစ်ခြားသူ ပိုင်တယ်။
လက်တွေ့ ကျင့်သုံးနည်း။
မနက် ပထမဆုံး ၁ နာရီ ကို ကာကွယ်ပါ။
ဖုန်း မကြည့်ပါနဲ့
News မဖတ်ပါနဲ့
Social media မဝင်ပါနဲ့
ဒီ ၁ နာရီ ကို
ကိုယ့် အတွက် သုံးပါ
စာ ဖတ်ပါ။
လေ့ကျင့်ခန်း လုပ်ပါ။
ရည်မှန်းချက် ပြန်ကြည့်ပါ။
တရား ထိုင်ပါ။
ဒီ ၁ နာရီ ရဲ့ အရည်အသွေးက
ကျန်တဲ့ ၂၃ နာရီ ကို ပြောင်းပေးတယ်။
ဘာကြောင့်လဲ
ပထမ အာရုံက နေ့ တစ်နေ့ရဲ့ ဦးတည်ချက် ကို ချပေးလို့
ပထမ အာရုံ = ဖုန်း
ဒါဆိုရင် ကိုယ့် ဦးတည်ချက် ကို algorithm ချပေးတယ်။
ပထမ အာရုံ = ကိုယ့် ရည်မှန်းချက်
ဒါဆိုရင် ကိုယ့် ဦးတည်ချက် ကို ကိုယ် ချတယ်>
ဒီ ရွေးချယ်မှု ရိုးရှင်းတယ်
ဒါပေမယ့် ဘဝ ကို ပြောင်းပေးတယ်။
ဗုဒ္ဓက ဟောကြားခဲ့ပါတယ်
“မနသိကာရ” — အာရုံပြုခြင်း ဖြစ်တယ်>
ကိုယ့် အာရုံ ကို ဘယ်မှာ ထားလဲ
ဒါ ကိုယ့် ဘဝ ကို ဆုံးဖြတ်ပေးတယ်။
ဘာမှ မပြောင်းဘဲ
အာရုံ ပြောင်းရုံနဲ့
ဘဝ ပြောင်းသွားနိုင်တယ်။
ဒါ ဗုဒ္ဓ ဟောတာလည်း ဟုတ်တယ်။
ဒါ ရူပဗေဒ ပြောတာလည်း ဟုတ်တယ်။
ဒါ လက်တွေ့ အတွေ့အကြုံလည်း ဟုတ်တယ်။
ပြီးရင် “ငါ အာရုံပြောင်းချင်ပေမယ့်
ဖုန်း ကြည့်တာ ရပ်လို့ မရဘူး” ထင်တယ်။
တကယ်က ရပ်ဖို့ မဟုတ်ဘူး
ရွေးဖို့။
ယခု ငါ့ အာရုံ ဘယ်မှာ ရှိလဲ
ငါ ဒီမှာ ထားချင်တာ လား
ဒါမှမဟုတ် ဟိုမှာ ထားချင်တာလား။
ဒီ မေးခွန်း မေးနိုင်ရင်
ရွေးချယ်ခွင့် ရပြီ။
အာရုံက အင်နာဂျီပဲ။
ကိုယ့် အာရုံ ကို ဘယ်မှာ ပေးနေလဲ။
ဒီ မေးခွန်း ကိုယ့်ကိုကိုယ် မေးပါ။
အဖြေက ကိုယ့် ဘဝရဲ့ ဦးတည်ချက် ကို ပြပါလိမ့်မယ်။
Phyo Paing @ Derek