လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်။
အထူးသဖြင့် အစပိုင်းမှာပေါ့။
လူတော်တော်များများကို
ဘူစေတဲ့အရာကလဲ ဒီအချက်ပဲ။
အချစ်ရေး၊ အိမ်ထောင်ရေးပဲ။
လူနှစ်ယောက်က
အနေနီးရင်ချစ်တယ်။ (Near distance)
ပုံစံတူရင်ချစ်သွားတတ်တယ်။ (Similarity)
ရင်းနှီးမှုများရင် ချစ်တယ်။ (Familiarity)
ဒါကို Big 3 လို့ခေါ်တယ်။
ဒါနဲ့ ခပ်ဆင်ဆင်
CIA Agent တွေက သူလျှိုလုပ်တဲ့အခါ
တဖက်လူနဲ့နီးစပ်အောင်လုပ်တဲ့ formula ရှိတယ်။
ကျွန်တော်ကတော့ PDFI လို့
အတိုကောက်မှတ်ထားတယ်။
Friendship =Proximity + Frequency +
Duration + Intensity
နောက် စိတ်ဝင်စားမှုကို တက်စေတဲ့
ချက်လေးချက်ရှိတယ်။
1. အလုပ်အကိုင်သို့ စွမ်းဆောင်ရည် Competency
2. ရုပ်ရည် Look (Physical attraction)
3. သူနဲ့တွဲတဲ့အတွက် ရှုံးနိုင်ခြေ Gain or Lost
4. နောက်ဆုံးတစ်ခုက Lust
ဒီအချက်တွေက အချစ်ကိုဖြစ်ပေါ်စေတယ်။
ဒီအချက်တွေပေါ်မူတည်ပြီး
အချစ် ingredient ကို သုံးမျိုးခွဲလို့ရတယ်။
၁။ ရင်ဘတ်ချင်းနီးတဲ့ ဘာမဆိုတိုင်ပင်လို့ရတဲ့
အချစ်မျိုး။
ဒါကို Intimacy လို့ခေါ်တယ်။
လျို့ဝှက်ချက်တွေမျှဝေလို့ရတယ်။
ဘာမဆို တိုင်တိုင်ပင်ပင်နဲ့ဖြတ်သန်းလို့ရတယ်။
ကြည်နူးဖို့ကောင်းတဲ့အချစ်မျိုး
၂။ ချောလို့ ချစ်တာမျိုး
ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားမိုက်တယ်။
ဒီလို Physical attraction ကြောင့်ချစ်တတ်တယ်။
ဒါကို Passionated Love လို့ခေါ်တယ်။
၃။ နောက်တစ်မျိုးက ယူမယ်လို့ဆုံးဖြတ်ပြီးလို့
အိမ်ကပေးစားလို့။
Decisional commitment လုပ်ထားလို့။
ဥပမာ အိမ်ကပေးစားတဲ့ arranged marriage လိုမျိုး။
တစ်ခုတည်းဖြစ်နိုင်သလို
တစ်ခုထက်ပိုပြီးလဲဖြစ်နိုင်တယ်။
ဖြစ်နိုင်ရင် သုံးခုစလုံးရှိရင်
ဒါမျိုးကို companionship ပေါ့။
ငယ်ငယ်က အသည်းကွဲတော့
စာအုပ်တွေ ရှာဖတ်တယ်။
စိတ်ပညာအတန်းတွေမှာ
လိုက်လေ့လာတယ်။
Modern romance တို့လိုစာအုပ်တွေ၊
Yale တက္ကသိုလ်က iTunes U မှာတင်ထားတဲ့
Psychology of Love တို့ကို လိုက်ဖတ်
note ထုတ်ထားတာက
အားတီ၊ အားမေတို့အတွက် မျှဝေဖို့
ဒီစာကို ရေးလိုက်တာ။
သာမာန်
Relationship မှာ phases တွေရှိတယ်။
၁။ ဖုန်းခဏခဏ ခေါ်တဲ့အဆင့်။
ဘာမဆိုလုပ်ပေး၊ ကူညီပေးချင်တဲ့အဆင့်
အားတီလေး အရမ်းရင်ခုန်တဲ့အဆင့်
၂။ အားမေးက ပြန်ပြီးအသိအမှတ်ပြု
ရင်ခုန်တဲ့အဆင့်
ဒီအဆင့်မှာ ဘဝကြီးမှတ်ပျော်တဲ့အဆင့်
၃။ အားမေစိတ်စကောက်တဲ့ အဆင့်။
အားတီက ချော့ပြီးပြန်ချစ်တဲ့အဆင့်။
၄။ အားမေ စိတ်ကောက်တာ အားတီ
မခံနိုင်တဲ့အဆင့်။
တော်ပြီကွာ မချော့တော့ဘူးကွာဆိုတဲ့အဆင့်။
၅။ တစ်ယောက်ကစ ဝေဖန်တဲ့အဆင့်။
ဒီကမှ တစ်ယောက်နဲ့ တစ်ယောက်ဝေဖန်တဲ့အဆင့်။
တကယ်လို့ ဒီအဆင့်ကို resolve မလုပ်နိုင်ရင်
ပြတ်မယ်ဘာညာဖြစ််တဲ့အဆင့်
၆။ ပြတ်မယ်လို့ပြောပြီး
အားတီလေးပြန်ဆက်သွယ်တဲ့အဆင့်
၇။ ပြတ်မယ်ပြောလိုက် အားတီပြန်ဆက်သွယ်လိုက်နဲ့
နောက်ဆုံး အားတီနဲ့ တကယ်ပြတ်တဲ့အဆင့်
ဒါကတော့ အများစု relationship သွားတဲ့ပုံပေါ့။
Enneagram type 5 အမျိုးသမီးတွေနဲ့
Enneagram type 7
Innocent subtype အမျိုးသမီးတွေက
ဒီပုံစံ response မလုပ်ကြဘူး။
ဒါကတော့ မယူခင် အချစ်ရေးရာမှာ
ဖြစ်တတ်တဲ့အဆင့်တွေ။
ဒီနေရာမှာ အရေးကြီးတာ
“ဆယ်တန်းအောင်ဖို့မလိုဘူး။
အလိုက်သိဖို့ပဲလိုတယ်ဆိုတဲ့ စကားပဲ။”
အားတီရေ ဗိုက်ဆာလားလို့မေးရင်
ဒါ မင်းကို ဗိုက်ဆာလားလို့မေးတာမဟုတ်ဘူး။
ငါဗိုက်ဆာနေပြီလို့ပြောတာ။
အားမေအများစုက ဘယ်တော့မှ
တိုက်ရိုက် မပြောဘူးဆိုတာ သတိပြုဖို့လိုတယ်။
အားတီတို့ကသာ သားကြီးငါဗိုက်ဆာပြီ။
အဲ့လိုပြောတာ။
အားမေတို့က နူးညံ့တယ်၊ ပညာသားပါတယ်။
ဟေ့ သူငယ်ချင်း နင်ဗိုက်ဆာပြီလားဆို၊
ဒါ သူဗိုက်ဆာလို့ အဲ့လိုမှတ် ငတုံးအားတီတို့။
အခု ဖတ်နေတဲ့ စာအုပ်ကတော့
Gary Chapman ရေးတဲ့
ကမ္ဘာကျော် 5 languages of love ဆိုတဲ့
စာအုပ်ပဲ။
အဲ့အကြောင်းနည်းနည်းပြောပြမယ်။
အချစ်က basic needs ထဲမှာ မပါဘူးလေ။
ဇီဝကမ္မဖြစ်စဥ်အတွက်လိုအပ်တဲ့
အစားအစာ၊ ရေ၊ ကျန်းမာရေး
နောက်လှုံခြုံဖို့ နေအိမ်တွေရှိပြီးရင်
အချစ်လို့ higher level needs လိုအပ်လာပြီ။
လူတွေရဲ့ အချစ်ခံရတဲ့ပုံစံကလဲမတူဘူး။
ဒါကို ငါးမျိုးခွဲလို့ရတယ်။
တချို့က Words of affirmation လို့ခေါ်တဲ့
ထပ်ခါထပ်ခါ သူ့ကိုချစ်တယ်ပြောမှ
ချစ်တယ်လို့ခံစားရတယ်။
တချို့လူတွေထင်တာ အိမ်အတွက်
ငါလိုအပ်တာ အကုန်လုပ်ပေးနေတာပဲ။
ဘာကြောင့်ငါက သူ့ကို အမြဲမချစ်ဘူးလို့
ထင်နေတာလဲ။
ဒါဟာ တဖက်လူရဲ့ love language ကို
မသိသေးလို့ဖြစ်တယ်။
တဖက်လူက ဟင်းချက်ပေးရင်
စားလို့ကောင်းတဲ့အကြောင်း၊
ကျေးဇူးတင်တဲ့အကြောင်း ပြောဖို့
မမေ့နဲ့။
ဒီလိုကျတော့ I hate စောက်ပိုဆိုပြီး
ပြောတဲ့သူတွေလဲကြားဖူးလိမ့်မယ်။
ဘာကြောင့်လဲဆို ဒီလူတွေက
ချစ်တယ််လို့ ခဏခဏပြောစရာမလိုဘူး။
သူတို့ကို တကယ်လုပ်ပေးဖို့ပဲလိုတယ်။
ဒါကို Act of service လို့ခေါ်တယ်။
မနက်စာပြင်ပေးတာမျိုး။
အိမ်မှုကိစ္စပိုင်း ကူပေးတာမျိုး။
တချို့ဘိုးဘိုးဘွားဘွားတွေဆို
အသက်ကြီးတဲ့အထိ ပူးပူးကပ်ကပ်နဲ့
အရမ်း Ro တာတွေတွေ့ဖူးလိမ့်မယ်။
တချို့လူတွေက နီးနီးကပ်ကပ်နေမှ
ချစ်ခြင်းကို ခံစားရတာ။
ဒါကို Physical touch လို့ခေါ်တယ်။
နမ်းတာ၊ ဖက်တာ၊ ပူးကပ်ကပ်နေတာ
အရေးကြီးတယ်။
တချို့ကျတော့ လက်ဆောင်လေးတွေ
ပေးတာကို အချစ်လို့ယူဆကြတယ်။
receiving gifts ပေါ့။
တချို့ယောကျာ်းလေးတွေထင်တာက
ပိုက်ဆံမက်တယ်တို့ဘာတို့ထင်တာ။
အမှန်တော့ မဟုတ်ဘူး။
small gifts ပဲဖြစ်ဖြစ်
expensive gifts ပဲဖြစ်ဖြစ်
ဒီလိုပေးတာဟာ မင်းရှိတဲ့အတွက်
ကျေးဇူးတင်ကြောင်း ချစ်ကြောင်းပြတာနဲ့
တူတူပဲ။
နောက်ဆုံးတစ်ခုကတော့ quality time ပါ။
တချို့က ချစ်တဲ့သူနဲ့ တူညီတဲ့
အလုပ်တစ်ခု တူတူလုပ်ရင်း
ရင်ခုန်စရာတွေ မြန်မာပြည်မှာဖြစ်ပေါ်နေပြီ
ဆိုတာ မျိုးဖြစ်တတ်ကြတယ်။
ကျောင်းမှာ စာအတူတူကျက်တာမျိုး။
အတူတူ ကန်ရေပြင်ဘေးလမ်းလျှောက်တာမျိုး။
ခရီးအတူတူသွားတာမျိုး။
သူ့ကို အာရုံအပြည့်ပေးထားတာမျိုးပေါ့။
လူတစ်ယောက်က ဒီ love languages
ငါးခုမှာ တစ်ခုဒါမှမဟုတ် နှစ်ခုရှိနေနိုင်တယ်။
အများစုကတော့ bilingual နှစ်ခုရှိနိုင်တယ်။
ကိုယ့်ရဲ့ love language ကို
ကိုယ့် partner ကမသိ၊
ကိုယ့် partner ရဲ့ love language ကို
ကိုယ်ကမသိရင် တိုင်ပတ်သလို၊
တချို့ အားတီ၊ အားမေတို့က
ခေါင်းမာတတ်တယ်။
သိတယ်။
မလုပ်ချင်လို့ကို မလုပ်တာဆို
အဲ့ဒါသေရော။
လူဖြစ်လာတော့ ကိလေသာ တဏှာကို
မပယ်နိုင်သေးရင်တော့
လူ့အကြောင်းတော့ လေ့လာထားကြပေါ့
အားတီအားမေတို့။
Phyo Paing @ Derek