၂၀၁၄ လောက်မှာ ငွေစျေးတွေ
ကမောက်ကမဖြစ်တော့
ဒီနေ့ရောင်းတဲ့ ပစ္စည်းက
မနက်ဖြန်အတွက်တောင်
အရင်း ပြန်မရတဲ့
အချိန်တွေရှိခဲ့ဖူးတယ်။
ဒါနဲ့ ဘယ်လို စီးပွါးရေးလုပ်မလဲဆိုတဲ့
မေးခွန်း ပြန်မေးခဲ့မိတယ်။
အမှန်တော့ စီးပွါးရေးလုပ်တဲ့
ရည်ရွယ်ချက်က ကိုယ့်ရဲ့
အကောင်းဆုံး version တည်ဆောက်ရေးကို
အထောက်အကူပြုဖို့ပဲဖြစ်တယ်။
အပြင်မှာ လူတွေအားကျပြီး
အတွင်းပိုင်းမှာ ကိုယ့်ဟာကိုယ် တိုင်ပတ်
ခေါင်းစားနေတာမျိုး မလိုချင်ဘူး။
ဒါနဲ့ ကိုယ်လုပ်မည့်စီးပွါးရေးအတွက်
5 C နဲ့ ကိုက်တာပဲလုပ်မယ်လို့ ဆုံးဖြတ်ချက်
ချခဲ့တယ်။
1. Creation
ကိုယ််တိုင်ဖန်တီးလို့ရတဲ့ ကုန်ပစ္စည်း၊
ဝန်ဆောင်မှုကိုပဲရောင်းမယ်။
ဝယ်ပြီးရောင်းရတာ ကိုယ့်ရဲ့ superpower ကို
အကောင်းဆုံး အသုံးချလို့မရဘူးလို့ယူဆတယ်။
ကိုယ်က အသစ်တွေဖန်တီးနေချင်တာ။
ဒါနဲ့ ပထမ criteria က creation ဖြစ်တယ်။
ဒါကြောင့် product development,
Service development ကိုယ်တိုင်လုပ်တယ်။
2. Control
စျေးနှုန်းမပြိုင်ချင်ဘူး။
ဒီတော့ ကိုယ်ရောင်းတဲ့ပစ္စည်း
ကိုယ်စိတ်ကြိုက် စျေးသတ်မှတ်လို့ရရမယ်။
ဒီအချက်က တော်တော် အရေးကြီးတယ်။
ကိုယ့်ကုန်ပစ္စည်း ကိုယ်တိုင်ဖန်တီးပြီး
differentiation factors တွေ
ကောင်းကောင်းရှိတဲ့အခါ
စျေးနှုန်းကို ကိုယ်စိတ်ကြိုက်သတ်မှတ်လို့ရတယ်။
3. Category
ကိုယ်တည်ဆောက်တဲ့ လုပ်ငန်းတိုင်းဟာ
category တစ်ခုမှာ leader ဖြစ်ရမယ်။
အခုမဖြစ်သေးရင်တောင် တချိန်ကျရင်
ဖြစ်လာရမယ်။
ဒီတော့ subcategory ကနေ
Category ကူးဖို့အတွက်ပဲ အမြဲစဉ်းစားတယ်။
ဒါလုပ်ဖို့ branding လုပ်ဖို့လိုတယ်။
4. Copies
လုပ်ငန်းအများစုက Physical goods တွေ
ကောင်းရောင်းကောင်းဝယ်ပြုကြတယ်။
ကျွန်တော်လုပ်ချင်တဲ့ ပုံစံက တစ်ခုခု
ဖန်တီးပြီးတိုင်းမှာ ချဲ့ထွင်ဖို့ scale လုပ်ဖို့
လွယ်ကူတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ
အလွယ်တကူ ပွါးနိုင်ရမယ်။
Digital Product ဖြစ်ဖြစ်၊ Physical Product
ဖြစ်ဖြစ် ဒီအချက်နဲ့ ကိုက်ရမယ်။
5. Customer (Clients’ Growth Journey)
တစ်ခါ ကိုယ်နဲ့ စီးပွါးရေးလုပ်ပြီး
အမြဲလုပ်သွားတဲ့ ဖောက်သည်တွေပဲ
အဓိက ရည်ရွယ်တယ်။
သူတို့ရဲ့ တိုးတက်မှု process တိုင်းမှာ
ဝန်ဆောင်မှု ပေးနိုင်တဲ့ product/ service
ဖန်တီးထားပြီး၊
တစ်ခါအလုပ်လုပ်ဖူးတာနဲ့
တစ်သက်လုံးလုပ်မယ် ယုံကြည်ရတယ်
စိတ်ချရတယ် ဒီခံစားမျိုးပေးနိုင်မည့်
clients တွေကိုပဲ အဓိကရွေးချယ်မှု
ပြုလုပ်ထားတယ်။
ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ်
ကိုယ့်ရဲ့ လုပ်ငန်းအတွက် ထားတဲ့
ခံယူချက်က next level ရောက်အောင်
ကူညီပေးနိုင်တယ်။
Phyo Paing @ Derek