Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

5 Minutes Rule

Social Media သုံးတဲ့အခါ
လူတွေရဲ့ Monkey brain
မျောက်ဦးနှောက်ကို
သွားနိုးဆွတယ်။
ကုတင်ပေါ်ရောက်နေပြီး
ဖုန်းကြည့်နေရင်း
ညဥ့်နက်မှန်းမသိ နက်သွားတာမျိုး
ကြုံဖူးကြလိမ့်မယ်။

လူ့ဦးနှောက်ကို အကြမ်းဖျင်း
Monkey Brain, Robot Brain နဲ့
Sage Brain ဆိုပြီး ယေဘူယျ
သုံးခုခွဲချလိုက်လို့ရတယ်။
Productivity hacking အတွက်
အလွယ်တကူခွဲလိုက်ကြတယ်။

လူတွေမှာ နှစ်သန်းပေါင်းများစွာ
ရှိခဲ့ပြီဖြစ်တဲ့ Old Brain (Lizard Brain)
ဆိုတာ ရှိတယ်။​
သူကတော့
ကိုယ့်ရှင်သန်မှုဖြစ်စဥ်အတွက်
ကာကွယ်ပေးဖို့ repetitive tasks တွေ
ထပ်ခါထပ်ခါ လုပ်တဲ့
လုပ်ငန်းဆောင်တာတွေအတွက်
အလွန်အရေးပါတယ်။
Habit formation အတွက်
အလွန်အရေးကြီး။

နောက်တစ်ခုက Evolution ဖြစ်စဥ်အရ
အသစ်ဖြစ်ပေါ်လာတဲ့ Monkey Brain
Noti တက်ရင်ကြည့်ချင်တာ။
ဒီ Brain နေရာကို နှိုးဆွခံရတဲ့အခါ
တခြားအလုပ်တွေ မလုပ်နိုင်ပဲ
social media ထဲ တစ်ဝဲလည်လည်
ဖြစ်နေတဲ့ အချိန်မျိုး
လူတိုင်း တစ်ခါမဟုတ်တစ်ခါ
ကြုံဖူးကြလိမ့်မယ်။

ကျွန်တော့်အနေနဲ့ ဒီလို hooked
ဖြစ်သွားတာကို ကျော်လွှားတဲ့နည်းက
alarm ငါးမိနစ်ပေးတဲ့နည်းပဲ။
အလုပ်တစ်ခုကို ငါးမိနစ်
fully focus ထားပြီးလုပ်တယ်။
ဒါပြီးမှ social media ပြန်ကြည့်မယ်ပေါ့။​
ဒီ ငါးမိနစ်ပြီးရင် ဦးနှောက်က ငြိမ်သွားပြီ။
နောက် ဆယ့်ငါးမိနစ်သွားတယ်။​

နောက်ဆုံး Sage Brain လို့ခေါ်တဲ့
ပညာဥာဏ်တွေ သေချာစဥ်းစားလို့ရတဲ့
အဆင့်ကို သွားတယ်။
နက်နက်နဲနဲ တွေးရတဲ့အရာတွေ၊
စဥ်းစားကြံဆရတဲ့အရာတွေ
deep work လုပ်ရတဲ့အရာတွေအတွက်
ပညာရှိ brain ကို အသုံးပြုနိုင်ဖို့
5 seconds rule ကို အသုံးပြုတယ်။

ဒါကတော့ ကျွန်တော်အသုံးပြုနေတဲ့
Social Media မှာ content produce လုပ်ပြီး
ပြန်လည် recharge လုပ်တဲ့နည်းပါ။

Phyo Paing @ Derek

Share Your Idea!​