စီးပွားရေးမှာ
၁။ စျေးပေါလေကောင်းလေ၊
၂။ ကြီးလေ ကောင်းလေ၊
၃။ မတူလေကောင်းလေ၊
၄။ လူတစ်စုအတွက်
သီးသန့်လုပ်ဆောင်ပေးလေကောင်းလေ
လေ လေးလေ ရှိကြတယ်။
၁။ စျေးပေါလေ ကောင်းလေ
ကိုယ့်လုပ်ငန်းက ဘယ် “လေ” နဲ့ကိုက်လဲကြည့်ရမယ်။
စျေးပေါတာကို ရွေးမယ်ဆို
ကိုယ့်မှာ စျေးပေါအောင်
ရောင်းနိုင်တဲ့ စူပါပါဝါရှိရမယ်။
ငွေကြေးအင်အား၊
အချိပ်အဆက် အင်အား၊
ထုတ်လုပ်နိုင်မှု အင်အား။
လူများများကို ရောင်းလို့ရနိုင်တဲ့အင်အား။
ဒီစူပါပါဝါတွေရှိရမယ်။
၂။ ကြီးလေကောင်းလေ
ကြီးလေကောင်းလေ ဖြစ်ဖို့အတွက်
လူများများကို ရောင်းရမယ်။
စျေးအပေါဆုံး ဖြစ်စရာမလိုဘူး။
ကြီးလေ ကောင်းလေဖြစ်ဖို့အတွက်
ကိုယ်ဘယ်လုပ်ငန်းနယ်ပယ်ကိုပဲလုပ်မယ်
အထူးပြု အာရုံစိုက်ရတယ်။
အရင်းအမြစ်အကုန်လုံးကို
ဒီအထဲ ထည့်ရတယ်။
နိုင်ငံရေး၊ စီးပွားရေး အခြေအနေ
တည်ငြိမ်မယ်။
စျေးကွက်အကြိုက်နဲ့ လိုက်ပြောင်းနိုင်မယ်။
အရင်းအနှီးတွေလဲ ကောင်းကောင်းရှိမယ်ဆို
ဒီ မဟာဗျူဟာက အကောင်းဆုံးဖြစ်နိုင်တယ်။
၃။ မတူလေ ကောင်းလေ
ကိုယ်က အကြီးဆုံးဖြစ်စရာမလိုသလို၊
စျေးအပေါဆုံးဖြစ်စရာလဲ မလိုဘူး။
ကိုယ်က စျေးအကြီးဆုံးနဲ့
မတူညီကွဲပြားအောင်၊
နောက် အပေါဆုံးနဲ့
မတူညီကွဲပြားအောင်လုပ်ရင်ရပြီ။
ဥပမာ တခြားလုပ်ငန်းတွေထက်
ပိုမြန်မယ်။
ပိုပြီး ဖောက်သည်နဲ့ ရင်းနှီးမယ်။
ပိုပြီး ယုံကြည်စိတ်ချရမယ်။
ဒီဇိုင်းကွဲမယ်။
ဒီလို မတူညီတဲ့ နည်းနဲ့ သွားလို့ရပါတယ်။
၄။ အထူးပြု မဟာဗျူဟာ
လူတစ်စုအတွက် သီးသန့်
ထုတ်လုပ်၊ ဖန်တီးပေးတာပါ။
ဘယ်သူတွေအတွက်လဲ
သူတို့ ဘာတွေ လိုအပ်သလဲ။
သူတို့ လိုအပ်တာကို
အသေးစိတ် ဖန်တီး၊ ထုတ်လုပ်၊
ဝန်ဆောင်မှု ပေးတဲ့မဟာဗျူဟာပါ။
နိုင်ငံရေး၊ စီးပွားရေး မကောင်းတဲ့အချိန်လဲ
ဒီ မဟာဗျူဟာက အလုပ်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့
လူတစ်စုအတွက် သီးသန့်အထူးပြုလို့ဖြစ်ပါတယ်။
သူ့မဟာဗျူဟာက လူတစ်စုအတွက်
ထုတ်ကုန်တွေ အများကြီးဖြစ်နိုင်တယ်။
ကျွန်တော်သွားတဲ့ မဟာဗျူဟာကတော့
အထူးပြုလေကောင်းလေ လမ်းကို ရွေးတယ်။
ဘဝမှာ ရည်မှန်းချက်ကြီး
ဥာဏ်ရည်မြင့်ပြီး
တကယ်နားလည်ချင်တယ်။
သင်ယူမယ်။
လုပ်မယ်။ ချမယ်။
သင်ခန်းစာယူမယ်။
အောင်မြင်အောင်ဆက်လုပ်မယ်။
ဒီလိုလူတွေက မြန်မာတစ်နိုင်ငံလုံးမှာပေါင်းမှ
ကိုယ်ထုတ်မည့် ထုတ်ကုန်အတွက်
အယောက် ၁၀၀၀၀ လောက်ပဲရှိကောင်းရှိမယ်။
ဒီလူတွေကိုပဲ အဓိကဝန်ဆောင်မှုပေးဖို့ကြိုးစားတယ်။
ဒီအဆင့်ထက်ကျော်သွားတဲ့အခါ
ကိုယ်ထုတ်ထားတဲ့ ထုတ်ကုန်အမှတ်တံဆိပ်ကို
လုပ်ငန်းပါတနာတွေဆီကို
ချဲ့ထွင်တဲ့အဆင့် ကြီးလေကောင်းလေကိုသွားဖို့
လွဲပေးလိုက်တယ်။
လူတိုင်းရဲ့ နောက်ခံသမိုင်းနဲ့
အားသာချက်၊ ပေးထားချက်တွေမတူဘူး။
ကိုယ်နဲ့ ကိုက်ညီတဲ့ မဟာဗျူဟာ
ရွေးတတ်ဖို့ အရေးကြီးတယ်။
ကမ္ဘာပေါ်မှာ လူတိုင်းနဲ့ကိုက်ညီတဲ့
တစ်ခုတည်းသော မဟာဗျူဟာမရှိဘူး။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay