အရှိန်ရပ်ပြီးရင် ပြန်စဖို့
အင်မတန်ခက်ပါတယ်။
လိိမ့်နေဖို့ အရေးကြီးတယ်။
တစ်နေရာ အဆင်မပြေရင်
ပြေတဲ့နေရာ၊
တချို့လူတွေနဲ့အဆင်မပြေရင်
ပြေတဲ့သူတွေနဲ့၊
တစ်ခုနဲ့ အဆင်မပြေရင်
နောက်တစ်ခုနဲ့၊
အိုင်ဒီယာတစ်ခုနဲ့ အဆင်မပြေရင်
နောက်တစ်ခုနဲ့
လိမ့်နေဖို့လိုတာပဲ။
ရှေ့ကို ဆက်လိမ့်နေမှ
အရှိန်မသေမယ်။
အရှိန်မသေမှ
အချိန်တန်ရင်
အမြင့်ကိုထပ်တက်ဖို့
လေပင့်ရာလွင့်မဲ့ လေတံခွန်လို။
Phyo Paing @ Derek