သူငယ်ချင်းအသိနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး နည်းပညာ နဲ့ပတ်သက်လာရင် အထူးစိတ်ဝင်စားတယ်။ passionate အရမ်းဖြစ်ကြတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က နှစ်ယောက်စလုံး ဖုန်း service ဆိုင်ဖွင့်ကြတယ်။ တစ်ယောက်က creation အရမ်းကောင်းတယ်။ တစ်ယောက်က System ပိုင်းအရမ်းကောင်းတယ်။ ပထမတစ်ယောက်က သုံးနှစ်နေတဲ့အခါ ဆိုင်ပိတ်လိုက်ပြီး၊ ဒုတိယတစ်ယောက်က မြန်မာတစ်ပြည်လုံးမှာ Influencer အနေနဲ့ သော်လည်းကောင်း သူ့ဆိုင်က ဖုန်းလောကမှာ ဆိုင်ခွဲ အများကြီးနဲ့ ဖြစ်လာတယ်။
ပထမတစ်ယောက်က လက်ကြောမတင်းလို့လား?
အလုပ်ကို ချစ်မြတ်နိုးမှု Passion မရှိတော့လို့လား?
မဟုတ်ပါ။ ခုလည်း နည်းပညာအသစ်တွေ ကလိနေတုန်း။
ဘာကွာလည်းဆိုရင် Flow ကွာပါတယ်။ ပထမတစ်ယောက်ရဲ့ Flow ဟာ Creation Energy (What) မှာရှိပြီး သူ့အနေနဲ့ ဘာကို အသစ်အစမ်းစမ်းသပ်ရမလည်းကို အမြဲအားသန်နေတယ်။ ဒုတိယတစ်ယောက်ကတော့ Mechanic Energy ဖြစ်ပြီး (How) ဘယ်လိုချဲ့ထွင်ရမယ်။ ဘယ်လိုဆက်လုပ်ရမလည်းကို အားသန်ပါတယ်။
ပထမတစ်ယောက်သည် Mark Cuban တို့၊ Steve Jobs တို့လို Type ဖြစ်ပြီး အသစ် what Question တွေကိုမေးပြီး၊ သူ့အနောက်မှာ how ကိုဖြေရှင်းပေးနိုင်သည့် team ရှိဖို့လိုလာပါသည်။
Phyo Paing @ Derek