Marketing နဲ့ sales နဲ့ ဘာကွာလည်း။ စကားလုံးကွာတော့ မတူတာသိတယ်။ ဘယ်လိုမတူတာလည်းဆိုတော့ sales ဆိုတာ မားကတ်တင်းရဲ့ အစိတ်အပိုင်း လေးတစ်ခုပါ။ Marketing ကို အကြမ်းဖျင်း နှစ်ခုခွဲနိုင်တယ်။ စားသုံးသူ consumer နဲ့ ရောင်းချသူရဲ့ကုန်ပစ္စည်း Product or Service.
စားသုံးသူကို STP နဲ့ခွဲပြီး၊ product or service ကို 7P နဲ့ခွဲပါတယ်။ 7P ထဲက P တစ်လုံးက Promotion ဖြစ်ပြီး သူ့ကို အကြမ်းဖျင်းငါးခု ပြန်ခွဲပါတယ်။ Advertising, sales promotion, direct selling, personal selling နဲ့ Public Relations တို့ဖြစ်ပါတယ်။
Sales ကတော့ Promotion Mix ထဲမှာပါပါတယ်။
Phyo Paing @ Derek