အလုပ်တစ်ခု စလုပ်တဲ့အချိန်
မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။
ခင်ဗျားရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။
ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။
နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။
လိုက်မမှီအောင် အများကြီးသာသွားရင်
လေးစားအားကျလာလိမ့်မယ်။
လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာ
ချော်လှဲတာအရေးမကြီးဘူး။
မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်း
ဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။
အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်
ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။
ဘာလုပ်ချင်လည်းသိ
ဘယ်လိုလုပ်ရမလည်းသိ
ဘာကြောင့်လုပ်ချင်တာလည်းသိ
တကယ်လုပ်
မဖြစ်သေးရင် လမ်းကြောင်းပြင်
ပြန်ပြီးကြိုးစား။
ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အချိန်က
အဆုံးဖြတ်ပေးလိမ့်မယ်။
Phyo Paing @ Derek