လူတိုင်းက ကိုယ့်ထက်သာတာကိုပဲ
ရချင်ကြတယ်။
ငွေရေးကြေးရေး၊ ပညာရေး၊ အချစ်ရေး၊
အလုပ်အကိုင် နေရာတိုင်းမှာပေါ့။
ဒီတော့ကိုယ်လိုချင်တဲ့နောက်လိုက်ကြတယ်။
ငွေရှာတယ်ဆိုတာ ဖြစ်လာတယ်။
အမှန်က ငွေကိုကိုယ့်ဆီလာအောင်
ဆွဲငင်နိုင်ဖို့ ကိုယ့်ကိုကိုယ်တည်ဆောက်ရမှာ။
ဒါမှ ရေရှည်တည်တံ့မှာ။
ကျွန်တော်စဥ်းစားမိတဲ့ concept တစ်ခုက
“သံ” လိုစဥ်းစားမည့်အစား၊
“သံလိုက်” လို စဥ်းစားတဲ့ concept ဖြစ်တယ်။
ကိုယ့်ဆီလိုချင်တာရောက်လာဖို့
ကိုယ့်မှာ သံလိုက်လို ဆွဲငင်နိုင်တဲ့
စွမ်းအင်ရှိရမယ်။
ကိုယ်လိုချင်တဲ့အရာနောက်ကိုပဲ
လိုက်နေတဲ့ သံမဖြစ်ရဘူး။
ဘဝသင်ခန်းစာတွေထဲကနေ
သံလိုက် အတွေးအခေါ်ရခဲ့တယ်။
Phyo Paing @ Derek