ခန္ဓာကိုယ်မှာ apotosis
ဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။
အဟောင်းအနွမ်း၊ မလိုအပ်၊
ပုံမမှန်တဲ့ ဆဲလ်တွေကို
အလိုအလျောက်သေအောင်
စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။
ဒီဖြစ်စဥ် ပျက်တဲ့အခါ
ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီး
ကင်ဆာတို့လို ရောဂါတွေ
ပေါ်လာတတ်တယ်။
ဘဝမှာလဲ အလားတူပဲ။
လိုအပ်တဲ့အရာတွေပဲ မှတ်ပြီး
မလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်
ဦးနှောက်က ဖန်တီးထားပေးတယ်။
ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေ
စိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲ
ထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
Phyo Paing @ Derek