ဦးနှောက်တွေရပ်မတတ်
ချောင်းတွေဆိုး အကြီးအကျယ်ဖျားဖူးတယ်။
Covid-19 လဲဖြစ်ဖူးတယ်။
Coup ကြောင့်လုပ်ငန်းတွေ
လချီပြီး ရပ်သွားဖူးတယ်။
လုပ်ဖို့ရည်ရွယ်ထားတဲ့လမ်းကြောင်းတွေ
ကမောက်ကမ ဖြစ်ရုံမက
လမ်းကြောင်းတွေပြောင်းလဲ
နောက်ကျသွားတယ်။
အမျိုးထဲက ဆန္ဒပြရင်း တိုင်းသိပြည်သိ
တစ်ယောက်သေနတ်မှန်ဆုံးသွားတယ်။
အဖွားအရင်း Covid-19 နဲ့ဆုံးသွားတယ်။
လူမသိသေးတဲ့ ဘဝအချိုးအကွေ့ကြီးတစ်ခု
Covid-19 စ ဖြစ်ဖြစ်ခြင်း
March 2020 မှ ဖြစ်ခဲ့တယ်။
လူတွေမသိတဲ့ ပြဿနာပေါင်း
တစ်သောင်းခြောက်ထောင်ကို
တည်တည်ငြိမ်ငြိမ် အိန္ဒြေမပျက်
ကျော်လွားနိုင်ဖို့ “စည်း” လိုတယ်။
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊
ကျန်းမာရေး ဘယ်လောက်ဆိုးဆိုး
ကိုယ့်ရဲ့အတွင်းစည်းကို မကျော်နိုင်ဘူး။
ဘာကြောင့်လဲဆို ဒီထဲဝင်ခွင့်ရှိတဲ့
Authorized person က ကိုယ်ပဲ။
ကိုယ့်ရဲ့ spouse လဲမဟုတ်ဘူး။
မအလလဲ မဟုတ်ဘူး။
ပူတင်လဲ မဟုတ်ဘူး။
Covid-19 လဲ မဟုတ်ဘူး။
ကုန်စျေးနှုန်းတွေလဲ မဟုတ်ဘူး။
ကိုယ့်ကိုဘယ်လောက် စိတ်ညစ်အောင်လုပ်လုပ်
ဘယ်လောက် အကြည်ဓာတ်ပျက်အောင်လုပ်လုပ်
ခေါင်းအေးအေး၊ စိတ်ဓာတ်ခိုင်ခိုင်မာမာ
ဒူပေဒါပေခံခံနဲ့ ကိုယ်ဂုဏ်ယူတဲ့
အလုပ်ကိုပိုးစိုးပက်စက်
ဆက်လုပ်နေနိုင်တာ စည်းတားထားလို့။
ကိုယ့်ရဲ့ လောကအမြင်၊
အတွေးအခေါ်၊ ခံစားချက်တွေကို
၁၀၀% ထိန်းရချုပ်တဲ့သူက ကိုယ်ပဲ။
ဒါကြောင့် စည်းတားပါ။
Social media မှာ ဘူတာတွေ
တင်မယ်ဆို ဆတိုးဘူတတ်တဲ့အတွက်
အထူးသတိထားပါ။
Phyo Paing @ Derek