သာမန် လူတွေကို ရောင်းဖို့
သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။
ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်း
အတွေးအခေါ်ဖြစ်တယ်။
သာမန်လူတွေအတွက်
သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာ
ရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။
သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်
သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်
သာမန် လက်ဝတ်ရတနာဆိုင်
ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့
သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။
စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူး
မထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။
Differentiate or Die ပဲ။
ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကို
ရူးသွပ်ဖို့လိုတယ်။
ဆရာကျအောင် လေ့လာနေဖို့လိုတယ်။
တီထွင်ဆန်းသစ်ဖို့လိုတယ်။
Business Model နဲ့ထူးအောင်လုပ်မှာလား။
ကုန်ပစ္စည်းနဲ့လား၊
ဝန်ဆောင်မှုနဲ့လား၊
စျေးနှုန်းနဲ့လား၊
Marketing လုပ်တဲ့ပုံစံနဲ့လား။
Phyo Paing @ Derek