နေ့တိုင်း Schedule ရှိဖို့လိုတယ်။
ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့
အချိန်ဇယားက ဘဝကိုစနစ်တစ်ခုပေးတယ်။
ရည်ရွယ်ချက်တစ်ခု၊ ထိန်းချုပ်မှုတစ်ခု၊
တာဝန်တစ်ခု၊ အာရုံစိုက်လုပ်ဆောင်စရာတစ်ခု၊
စိတ်ကျက်စားရာတစ်ခု ပေးတယ်။
ဒီ schedule ရှိနေခြင်းအားဖြင့်
ဘဝရဲ့ အခြေနေဘယ်လောက်ဆိုးဆိုး
ငါဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့
အသိတစ်ခုဖြစ်စေတဲ့အတွက်
ကိုယ့်ဘဝ ကိုယ့်လက်ထဲမှာဆိုတဲ့
အသိတစ်ခုရစေတယ်။
လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။
ဒီနေ့လို ဆီစျေး၊ နိုင်ငံရေး၊
စီးပွါးရေး၊ လျှပ်စစ်မီးအရေး
ထိန်းမရတဲ့ ပြဿနာပေါင်းစုံကြားမှာ
ကိုယ့်ထိန်းချုပ်လို့ရတာ
နေ့စဉ်အမူအကျင့်နဲ့
နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့
အချိန်ဇယားနဲ့ အကောင်အထည်ဖော်မှုပဲ။
Phyo Paing @ Derek