Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာ
လူတွေဘာကြောင့်
ပိုတိုးတက်လဲဆိုရင်
ဒီ ဒီမိုကရေစီဆိုတဲ့
အတွေးအခေါ်ကို အေသင်မှာ
စတင်ကတည်းက
သူ့ရဲ့ ရည်ရွယ်ချက်က
Freedom and Liberty ကိုအခြေခံတယ်။

လွပ်လပ်စွာတွေးခေါ်နိုင်မှု
ကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်
အခြေခံတဲ့အတွက်
ကိုယ့်ကိုကိုယ် fully express
လုပ်လို့ရတယ်။

Fully express လုပ်လို့ရတဲ့ နေရာမှာ
အနုပညာပိုထွန်းကားတယ်။
ဘဝက ပိုပြီး အနှစ်သာရရှိတယ်။
လူအများစုက ငွေကြေးမှာသာယာတဲ့
အဆင့်ကို ကျော်လွန်လာရင်
အတွေးအခေါ်မှာ သာယာတဲ့အဆင့်
ရောက်လာကြမယ်။

ငွေကြေးကော၊ အတွေးအခေါ်ပါ
သာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်
အယူအဆ၊ အထင်အမြင်ကို
fully express လုပ်နိုင်တဲ့
ပတ်ဝန်းကျင်လိုတယ်။​

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာ
ကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ
ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊
ဘာကိုတန်ဖိုးထားလဲ၊
ကိုယ့်အိမ်မက်က ဘာလဲ၊
ကိုယ့်ကိုကိုယ် နားလည်မှု
ရှင်းလင်းပြတ်သားနေဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​