Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့က
အလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။
လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်
ဥပဒေသလေးတွေရှိတယ်။

Robert Greene ရဲ့
48 laws of power မှာလဲပါတယ်။
ကိုယ့်ဆရာ၊ boss ထက်သာကြောင်း
အရမ်းကာရော မပြချင်နဲ့။
ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။
ဒါကို never outshine your master
လို့ခေါ်တယ်။

အလုပ်ခွင်ဝင်ကတည်းက
ဒါကို သတိထားတယ်။
Meeting မှာ၊ လူကြားသူကြားမှာ
ကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီး
လမ်းလျှောက်တာ၊
Level တူပြတာ ဘယ်တော့မှ
မလုပ်ခဲ့ဘူး။

ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်
လူကြားသူကြားမှာ
ဆရာနဲ့ တန်းတူနေပြတာ၊
သူထက်တတ်ကြောင်းပြတာဟာ
ကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။
ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။

အကြောင်းကတော့ လူတိုင်းမှာ
Ego အတ္တ ရှိတယ်။
ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်
ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီး
ကိုယ့်အလှည့်ရောက်ဖို့
မဟာဗျူဟာကျကျစောင့်ပြီး
ပြင်ဆင်နေဖို့လိုတယ်။

ခေါင်းငုံ့သည်းခံပြီး
အချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာ
EQ ကောင်းတာပဲ မဟုတ်လား။

Phyo Paing @ Derek

Share Your Idea!​