Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သောက်တလွဲ rules တွေနဲ့
ကိုယ့်ဘဝ၊ အတွေး၊ အမြင်၊
ယုံကြည်မှုကို ထိန်းချုပ်မခံပါနဲ။

တရုတ်ပြည်မရဲ့ ယဥ်ကျေးမှုအဆင့်က
စနစ်ထဲမှာ အထိပ်ကို
တက်တဲ့အဆင့်ပဲရှိသေးတယ်။
Money, Status, Power ရှာမယ်။
နောက်တစ်ဆင့် တက်စရာသိပ်မရှိဘူး။

တရုတ် အတွေးအခေါ်အများကြီးမှာ
အစိုးရက အုပ်ချုပ်မှုကို
အထောက်အကူပြုတဲ့
ကွန်ဖြူးရှပ်အတွေးအခေါ်ပဲ promote လုပ်တယ်။
နာမည်ပေးထားတာ Confucious institute တဲ့။
လူပေါင်း ၁.၄ ဘီလီယံကိုထိန်းတော့
ဒီနည်းက သူ့အတွက်
အကောင်းဆုံးနည်းဖြစ်နိုင်တယ်။

အနောက်တိုင်းမှာက
idea တွေ၊ စနစ်တွေကို စိန်ခေါ်ကြတယ်။
လုပ်ငန်းအကြီးကြီးလုပ်ပြီး စိတ်ညစ်နေမည့်အစား
Canada က ကျွန်းမြို့လေးပေါ်နေပြီး
Company of One ဆိုပြီး
တစ်ယောက်တည်းလုပ်တဲ့ solopreneur ပုံစံနေတယ်။
အလုပ်ကို ကျန်တာ outsource လုပ်တယ်။

ကိုယ်မကြိုက်တဲ့အလုပ်တွေလုပ်ပြီး
စိတ်ညစ်နေမည့်အစား
တစ်ပတ်လေးနာရီအလုပ်လုပ် (4-Hour Work Week) ပြီး
ကိုယ်ကြိုက်တဲ့ဘဝ ကိုယ်ဖန်တီးလို့ရတဲ့
life-style design တို့လို အတွေးအခေါ်တွေက
သမရိုးကျ အတွေးအခေါ်တွေကိုဖောက်ထွက်တယ်။

လုပ်ငန်းခပ်ကြီးကြီးလုပ်
စတော့စျေးကွက်မှာ သွားတာထက်
mojo လို့ခေါ်တဲ့ ဝိညာဉ် ရှိတဲ့
လုပ်ငန်းသေး ဘီလူး small giants
တွေ တည်ဆောက်မှုက လွမ်းမိုးလာတယ်။

ပစ္စည်းတွေဝယ်ပြီး လူတွေ
အထင်ကြီးအောင် လုပ်တဲ့
materialistic culture ကနေ
minimalist တွေဖြစ်လာသလို၊
ဘဝရဲ့အထုအထောင်းကြားမှာ
တန်ပြန်နိုင်အောင်
သာမာန် စိတ်ပညာသုတေသနတွေကို
ပေါင်းစု ပညာရှင်တချို့
pseudo-science လို့ခေါ်တဲ့
NLP ပညာရပ်ဟာ 1910 နောက်ပိုင်း
ပေါ်ထွက်လာတဲ့ positive psychology ကို
လူအများအသုံးပြုနိုင်တဲ့
mainstream ပေါ်ရောက်လာစေတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၉၀၀ လောက်က
အတွေးအခေါ်ပညာ Stoic philosophy ပေါ်မူတည်ပြီး
လူတွေစိတ်ဓာတ်ကျတာကို ကူညီပေးတဲ့
ကမ္ဘာကျော် Cognitive Behavior Therapy (CBT) ဆိုတာ
ပေါ်ထွက်လာတယ်။

Money ကနေ currency ဖြစ်လာပြီး
အစိုးရထိန်းချုပ်မှုမခံချင်တဲ့အတွက်
cryptocurrency ဆိုတာတွေ၊
artist တွေနဲ့ ဖန်တီးမှုတွေအတွက်
NFT တွေ idea အသစ်တွေပေါ်လာပေမည့်
တရုတ်ကတော့ သူ့စနစ်ကို
ဒုက္ခအကြီးအကျယ်ပေးနိုင်တဲ့အတွက်
Initial Coin Offerings (ICO) ကို
Sep 2017 ကတည်းက ban ခဲ့တယ်။

Society တစ်ခုက progressive ဖြစ်ဖို့အတွက်
အတွေးအခေါ် အိုင်ဒီယာအသစ်တွကို
လက်ခံဖော်ပြခွင့်ရှိဖို့လိုသလို
ဒါကို ထိန်းကြောင်းပေးမည့် အဖွဲ့အစည်း
community တွေလိုတယ်။​

ဒါကြောင့်လဲ “လူတစ်ယောက်ချင်း”
အစွမ်းအစတွေကိုထွက်အောင်လုပ်ပေးတဲ့
နိုင်ငံရေးစနစ်က ဒီမိုကရေစီလို့
သတ်မှတ်ကြတာဖြစ်နိုင်တယ်။

အဆင့်မြင့်တဲ့ ပျော်ရွင်မှုတွေခံစားနိုင်ဖို့
Money, Status, Power ရဲ့အထက်ကို
တက်လမ်းနိုင်ဖို့လိုတယ်။
ဒီလိုလုပ်ဖို့ Cultural Escape လုပ်တတ်ဖို့
လိုကောင်းလိုနိုင်တယ်။

Culture တိုင်းမှာ သတ်မှတ်ချက်
rules တွေရှိတယ်။
ကောင်းတဲ့ rules တွေရှိသလို
သောက်တလွဲ rules တွေလဲရှိတယ်။
ဒါကို မေးခွန်းမထုတ်ပဲ လိုက်နာနေသမျှ
religion တို့၊ culture တို့နဲ့
ကိုင်ပေါက်ပြီး ကိုယ့်ကို ရုပ်သေးရုပ်လို
ထိန်းချုပ်တာမျိုးခံရကောင်း
ခံရနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​