ဘယ်လို ရောင်းလဲအရေးကြီးတယ်။
ဘာကြောင့်ရောင်းလဲ အရေးကြီးတယ်။
ငွေမရှိတဲ့သူတွေကို
ရောင်းနေပြီး ကြီးပွါးဖို့မလွယ်ဘူး။
လူတွေ ငွေပေါ်တန်ဖိုးထားမှုကမတူဘူး။
တချို့တွေအတွက် သိန်း ၁၀၀ ဆိုတာ
စကားလေးငါးခွန်းပြောလိုက်ရနေတာ။
တချို့အတွက်က ပင်ပင်ပန်းပန်း
နှစ်ချီရှာရတာ။
ဒီတော့ သူတို့တွေအနေနဲ့
ငွေသုံးစွဲမှုပေါ်မှာ ပြန်ရချင်တဲ့
expectation က တစ်ယောက်နဲ့တစ်ယောက်မတူဘူး။
လွန်ခဲ့တဲ့ ၉ နှစ်လောက်က
ကိုယ်က SIM card နံပတ်လှ
တစ်ကဒ်ရောင်းလို့ တစ်သိန်းလောက်မြတ်ရင်
မဆိုးဘူးဆိုပြီး တစ်လတစ်လ
ကဒ်နှစ်ဆယ်လောက်ရောင်းပြီး
ကျေနပ်နေချိန်မှာ
အဲ့အချိန် ကိုယ့် girlfriend က
ကျောက်သူဌေးတွေကို တစ်ကဒ်ရောင်းတိုင်း
သိန်း ၂၀ – ၃၀ လောက်မြတ်တဲ့အခါ
ကောင်းကောင်းနားလည်သွားတယ်။
ဘာရောင်းလဲဆိုတာထက်
ဘယ်သူ့ကိုဘယ်လို ရောင်းလဲဆိုတာ
အရေးကြီးတယ်။
Phyo Paing @ Derek