လူတိုင်းမှာ bad day ရှိတတ်ကြတယ်။
ဒီ bad day ကြောင့် အကြည်ဓာတ်
positive vibes လဲ ပျောက်ကောင်းပျောက်မယ်။
အဲ့ဒီအချိန် ဘာလုပ်သင့်လဲဆိုရင်
တုန့်ပြန်ဖို့ react လုပ်တာကို လျော့ကြည့်ကြည့်။
အဲ့ဒီတစ်ရက်တာကို ပြန် သုံးသပ်ကြည့်။
ပုံမှန်အားဖြင့် bad day ဆိုတာ
တစ်စုံတစ်ယောက်အပြုအမူကြောင့်
ကိုယ့်စိတ်ခံစားမှုကို လွမ်းမိုးတာများတယ်။
ဒိီတော့ bad day ဖြစ်တဲ့ အခြေအနေကို
ပြန်မေးကြည့်ကြည့်။
ငါ ဒီက ဘာသင်ခန်းစာရသလဲ။
နောက်တစ်ခါ ဒီလိုမဖြစ်အောင်
ဘယ်လို ဥပဒေတွေ၊ အထာလေးတွေထားမလဲ။
ပုံမှန်တော့ mental toughness training တွေ
သေချာလုပ်ထားရင် ပြဿနာ
ဘယ်လောက်ကြုံကြုံ သွေးမပျက်
အေးဆေးလေး ဖြတ်သန်းနိုင်တယ်။
ဘယ်သူနဲ့ တွေ့ပြီးရင် ပြဿနာတွေဖြစ်တတ်လဲ။
ဘယ်လို အလုပ်တွေလုပ်မိရင်
ပြဿနာတွေ ပိုတက်တတ်လဲ ပြန်မေးကြည့်ပြီး
ကိုယ့်ရဲ့ ဘဝနေထိုင်မှုစနစ်ကို
ပြင်သွားလို့ရတယ်။
Phyo Paing @ Derek