အကောင်းဆုံးဆိိုတာ တစ်ခါတလေ
လုပ်တဲ့အပြုအမူကြောင့်မဟုတ်ဘူး။
အလေ့အကျင့်ကြောင့်ပဲတဲ့။
ဒါက လွန်ခဲ့တဲ့နှစ် နှစ်ထောင်ကျော်က
Socretes ဆိုကလေးတီးပြောခဲ့တဲ့စကား။
လူတွေရဲ့ တစ်ရက်တာဖြတ်သန်းဖို့အတွက်
Willpower ကို အားကိုးလို့မရဘူး။
Willpower ဆိုတာ power bank လိုပဲ
အသုံးများတဲ့အခါ ညနေရောက်လေ
အားကုန်လာလေပဲ။
ဒီအစား structured လုပ်ထားတဲ့
တစ်ရက်တာကို ဖြတ်သန်းတာပိုအဓိပ္ပာယ်ရှိတယ်။
ဒါကို စနစ်တကျပြုစုပျိုးထောင်တာကို
အကျင့် habits လို့ခေါ်တယ်။
ဒီအလေ့အကျင့်ကို သေချာ design လုပ်နိုင်ရင်
ကိုယ့်ခန္ဓာကိုယ်နဲ့ အတွေးအခေါ်ပုံစံ
ဘဝရလာဒ် အကြီးအကျယ်ပြောင်းသွားနိုင်တယ်။
ဒါကြောင့် ခင်ဗျားမှာလိုအပ်တာ
မော်တီဗေးရှင်းအတွက်
နောက်သင်တန်းတစ်ခုထက်
လိုအပ်တာ နေ့စဉ်ဖြတ်သန်းမှုပုံစံ
ဖြစ်နိုင်တယ်။
လူတွေထင်တာ အကျင့်အတိုင်းနေရင်
ပင်ပန်းတယ်လို့ ထင်တာ။
အမှန်တော့ အလေ့အကျင့်မဖြစ်သေးပဲ
နေ့စဉ် ဘဝကို ဖြတ်သန်းတာ
ပိုပင်ပန်းတယ်။
ဘဝ နေထိုင်ဖြတ်သန်းမှုအတွက်
စနစ်လိုတယ်။
ဒါကို အကျင့်လို့ ခေါ်တယ်။
သေချာ design လုပ်မှ
အကျင့်ကောင်းတွေ ပိုခိုင်မြဲမယ်။
Phyo Paing @ Derek