ကိုယ်သာအမျိုးသမီးတစ်ယောက်ဆို
စားပြီးပြီလား။
ဘာလုပ်နေလဲ။
မအိပ်သေးဘူးလား။
ဘယ်ရောက်နေလဲ။
စဥ်းစားကြည့် တစ်ယောက်လာလဲဒါ။
နောက်တစ်ယောက်လာလဲ ဒါဆို။
စိတ်ညစ်စရာက ကောင်းလာတတ်တယ်။
ဒါတွေကို ငပိန်း pickup line လို့ခေါ်တယ်။
လူအများစု လက်မခံနိုင်တာက
ငြီးငွေ့တဲ့ ဒဏ်ပဲ။
ဒါကြောင့် လူဆိုတဲ့အမျိုးက
အမြဲ excitement ကို လိုက်ရှာတတ်တဲ့အတွက်
entertainment ဆိုတာမျိုးဖြစ်လာတယ်။
လူတွေကို ရင်ခုန်မှုအပေးနိုင်ဆုံးက
အသိဥာဏ်ပဲ။
စူးစမ်းလေ့လာလိုစိတ်က
အသိဥာဏ်နှိုးဆွမှုကို ဖြစ်ပေါ်စေတယ်။
ဒါကို intellectual stimulation လို့ခေါ်တယ်။
အဲ့ဒါမရှိတဲ့ human communication က
သိပ်အဓိပ္ပာယ်မရှိလှဘူး။
ဘာကြောင့်လဲဆိုတော့ file တစ်ခုပို့ဖို့
bluetooth, airdrop တို့လို network
connected ဖြစ်လို့လိုတယ်လေ။
Phyo Paing @ Derek