မွေးကတည်းက ပေးထားချက်တွေမတူဘူး။
ဒါက အရေးမကြီးဘူး။
အရေးကြီးတာ ပေးထားချက်ပေါ်မှာ
ဘဝကို ဘယ်လိုတည်ဆောက်သွားလဲ
ဆိုတာပဲ မဟုတ်လား။
လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ။
အတွေးအခေါ် မရှင်းရင်
ဘဝကလဲ မရှင်းဘူး။
ဘဝမှာ ဘယ်ကစလဲ အရေး
သိပ်မကြီးတော့ဘူး။
ဘယ်ကို သွားမလဲ
ဘယ်ကို ရောက်နေပြီလဲ
ဘယ်ဆက်သွားမလဲ
ဒါပဲ အရေးကြီးတယ်။
တစ်ခုခု ဖြစ်လာဖို့ သူများအားကိုးရမည့်အလုပ်
စိတ်ကို မဝင်စားဘူး။
ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ လို့ ခံယူထားတယ်။
လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ပြီးမှ
သူများအတွက် ကြည့်ပေးနိုင်မှာပဲ။
ကိုယ်က အဆင်မပြေရင်
သူများကို အဆင်ပြေအောင်
ကူညီပေးဖို့ ထင်သလောက်မလွယ်နိုင်ဘူး။
ဒီနေ့လို distraction တွေကြားမှာ
ကိုယ်သွားနေတဲ့လမ်းကြောင်း
မပျောက်သွားဖို့ အရေးကြီးတယ်။
Phyo Paing @ Derek